19 September 2007
Unknown Song (Listen)

ငါတကယ်ကိုသိပ်ချစ်မိလို့..မှားပြီကွာ..
ကြိုတင်သိထားခဲ့ရက်နဲ့..မင်းအချစ်များ..
ဟန်ဆောင်ပြီးပေးတဲ့အနမ်းတွေအသည်းမှာထားထားလို့
ဒီလိုပဲသတ်မှတ်လိုက်တယ်..ငါ့ဝဌ်ကြွေးပဲလို့..
ဟိုအရင်အတူလျှောက်ခဲ့ကြတဲ့လမ်းတွေမှာ..
ကျန်နေတယ်
.နှလုံးသားထဲကအငွေ့အသက်များ..
တကယ်ပဲသိပ်ချစ်ခဲ့တာမင်းသိထားရက်နဲ့..
ဘာလို့များထားခဲ့ရက်ထားလဲ..မတွေးတတ်ခဲ့လေတယ်..

 
posted by Anonymous at 11:32 AM |
MISS U









I MISS UR FACE
I MISS UR SMILE
I MISS UR WORDS
I MISS UR VOICE
I MISS UR NICK
I MISS UR CALL
I MISS UR SONG
AND
I MISS U SO MUCH

YOU CAN HEAR ME..
YOU CAN SEE ME..

PLS, CAN U COME BACK TO ME

 
posted by Anonymous at 11:08 AM |
To Whom It May Concern :)

Ems အမှားလုပ်မိပြန်ပြီထင်တယ်..
ကိုယ့်ကိုစိတ်ရှည်သည်းခံပေးနေတဲ့..အစ်မကိုစိတ်တိုအောင်လုပ်မိပြီလားမသိဘူး..
ဖုန်းလဲမဆက်ရဲဘူး
မမေးသင့်တာသွားမေးမိတယ်ထင်တယ်..
စိတ်မတိုပါနဲ့
Ma M ရယ်..နောက်မကြိုက်ရင်မမေးတော့ပါဘူး
Ems မှာသူငယ်ချင်းဆိုတာလက်ချိုးရေလို့ရပါတယ်..
အဲဒီထဲမှာ..emsကအရမ်းsensitiveဖြစ်တတ်တယ်..
ကိုယ့်ကိုကိုယ့်လောက်မှမခင်ရင်
ကိုယ့်ကိုကိုယ့်လောက်မှဂရုမစိုက်ရင်..
အရမ်းခံစားလွယ်တယ်

ဒါပေမဲ့..Ma Mပြောထားတဲ့စကားကိုမေ့သွားတယ်..
မျှော်လင့်ချက်တဆင့်ချထားရမယ်ဆိုတာကို

ဘာပဲဖြစ်ဖြစ်..အားလုံးထဲမှာ..စိတ်ရှည်သည်းခံပြီးemsအပေါ်ဂရုစိုက်ပေးတာကျေးဇူးပါ..
ကိုယ့်ကိုနားလည်စေချင်ပြီး..ကိုယ်ကတော့သူများတွေကိုနားမလည်ပေးနိုင်တာ..
မွေးရာပါအကျင့်လားမသိပါဘူး
.
တောင်းပန်ပါတယ်
စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ခဲ့မိတာရှိရင်..
အမြဲတမ်းတက်ကြွပြီး..သူများကိုနားလည်ပေးတတ်တဲ့အစ်မမျိုး
ဘယ်တော့မှစိတ်ညစ်အောင်လုပ်မှာမဟုတ်တဲ့အစ်မမျိုး..
သူငယ်ချင်းတွေအများကြီးထဲကemsကိုဂရုစိုက်နားလည်မှူပေးတဲ့အစ်မမျိုး
ကို
ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး..
Emsကိုနားမလည်နိုင်တော့ဘူးဆိုရင်တောင်
Emsကိုဂရုမစိုက်တော့ဘူးဆိုရင်တောင်
ဘယ်တော့မှမမေ့ပါဘူး

နည်းနည်းတော့ J ၀င်တတ်တာကိုနားလည်ပေးဖို့
တော်တော်ခက်မယ်ထင်တယ်နော်..ကျေးဇူးပါ..
ဘာပဲဖြစ်ဖြစ်ပေါ့..


မျှော်လင့်ချက်တဆင့်ချထားတယ်
လူတိုင်းသုံးတတ်တဲ့စကားတခွန်းကိုအလွယ်တကူယုံမထားပါဘူး..
နောက်ပိုင်း.နောက်ပိုင်းတွေမှာဘာတွေဖြစ်မလဲဆိုတာလဲတွေးမထားပါဘူး..
မျှော်လင့်ချက်တဆင့်ချထားတာထက်ကိုယ့်ကိုကိုယ်သိတာတခုရှိတယ်..
တချိန်ချိန်မှာအားလုံးကemsကိုစိတ်ကုန်သွားမှာပဲ..

Ems နဲ့ပတ်သက်တဲ့လူတိုင်းဒီစကားကိုမသုံးတဲ့သူမရှိဘူး..
ဆိုးတယ်..စိတ်ကုန်လိုက်တယ်..စိတ်ညစ်စရာကောင်းတယ..
တော်တော်ပိန်းတာပဲ
.စိတ်ကုန်တယ်ကွာ..
အဲလောက်မတွေးစမ်းပါနဲ့

ဒီလိုစကားတွေချည်းပြောပြီး..စိတ်ကုန်သွားတာ.
Emsချစ်တဲ့သူအားလုံးနည်းပါးပဲ
အဲဒီတော့..အများကြီးမမျှော်လင့်ပါဘူး..
Emsကလည်းဆင်ခြင်ပါ့မယ်
…ems့အပေါ်မှာလည်းနားလည်ပေးပါလို့
အဖော်လိုချင်ရုံသက်သက်နဲ့တော့တကူးတကစိတ်ထဲထည့်ခဲ့တာမဟုတ်ပါဘူး
လူတွေကိုဂရုမစိုက်ချင်တော့တာကြာပါပြီ..
အဲဒီထဲမှာမှဂရုစိုက်မိအောင်..အရမ်းလေးစားစရာ..ခင်စရာကောင်းတဲ့အစ်မမျိုးနဲ့တွေ့ခဲ့တာ..
အမြဲတမ်းဒီတိုင်းရှိနေပါစေ..အမှားတခုခုလုပ်ခဲ့မိ၇င်တောင်..
မမေ့ပါနဲ့..emsကကိုယ့်စိတ်ထဲကအတိုင်းပဲဆက်ဆံတတ်တယ်ဆိုတာကို

 
posted by Anonymous at 10:38 AM |
14 September 2007
လရောင်ဝေး (ကြိုးကြာ + စင်ဒီ)

နွေညရက်ရှည် တစ်ယောက်တည်းပဲ
တမ်းတမှုက မီးတောက်တစ်ခုကွယ် အချစ်ဆုံးရယ် ...
ဘ၀လေး ဆွေးငိုနေတုန်းကွယ်
လှလှပပ ဖျားတတ်ခဲ့ပြီ ကဗျာလေးရယ် ...
အထီးကျန် ဆည်းဆာချိန်များ တိုးဝင်မိုးတိမ်တိုက်များ
ရင်ခုန်သံ မမှန်ပါတယ် ဒါတွေ မင်းမသိတတ်တော့ကွယ်
ကာရန်မဲ့ညတွေ မှောင်လွန်းတယ်

မင်းရဲ့လက်နဲ့ တွန်း
ဖွင့်လိုက်ပါ အချစ်ဆုံးရယ် .
အိပ်မက်သစ်တွေ ကုန်ခန်းတယ်

တိုးတိုးတိတ်တိတ် မင်းပို့လိုက်တာ သိပ်လွမ်းတယ် ...

မင်းပုံရိပ် ခြေသံများ လိပ်ပြာလေးတွေရဲ့ကြား

ကိုယ်မြင်နေသလိုပဲ
ဒါတွေ မင်းမသိတတ်တော့ကွယ်

ကိုယ် ကြေကွဲရင်းနဲ့ လရောင်ဝေး ...
ကိုယ် မျှော်လင့်ထားရင်းလည်း

လရောင်ဝေး ...
နှလုံးသား ဆောင်းကြိုးညှိ ရာသီတွေ
ရေတွက်ထားရင်း အသက်ရှင်နေ

ကြင်နာသူလေးရေ ....
 
posted by Anonymous at 5:15 PM |
ဒါက အိမ်မက်တခုလား
သန်းခေါင်ယံညတိုင်း သံသယ၀င်တယ်
ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တိုင်း
ခေါင်းချည်းပဲခါတယ်
သူများကိုမေးကြည့်တော့လည်း ခေါင်းချည်းပဲခါတယ်
နင့်ရင်တခုလုံးရစရာမရှိအောင်ပဲ ဒါ အိမ်မက်လား တဲ့
သူငယ်ချင်းကပြောတယ်ကြယ်တွေကြည့်ရင်း
ကြည်ကြည်နူးနူးနဲ့ လွမ်းခဲ့ဖူးတယ်
လမရှိလည်း ငါ့အတွက်လင်းနေခဲ့တယ်
အချိန်တွေရှိလည်း ငါ့အတွက်မေ့နေခဲ့တယ်
နာရီတွေလည်တိုင်း အသက်တချက်ရှူတိုင်း
မင်းအသံ မင်းမျက်နှာ မင်းစကားတွေနဲ့
ရှင်သန်ခဲ့တာ
အဲဒါ..အရင်ကငါ့ညတွေပေါ့ ငါပိုင်ခဲ့တဲ့ညတွေပဲ

တယ်လီဖုန်းထဲက ပြောတယ်
ဘယ်တော့မှစိတ်မကုန်ဘူးတဲ့
တယ်လီဖုန်းထဲကပြောတယ်
စိတ်ပူလို့တဲ့ နေကောင်းအောင်နေတဲ့
တယ်လီဖုန်းထဲကပြောတယ်
စိတ်မဆိုးပါနဲ့ စိတ်လဲမကုန်ပါနဲ့တဲ့
တယ်လီဖုန်းကပဲ သီချင်းတွေဆိုပြတယ်..
အဲဒါ အရင်ကတယ်လီဖုန်းလေး
ငါပိုင်ခဲ့တဲ့တယ်လီဖုန်းလေး..
အသံမကြားတဲ့အခါတိုင်းခိုးခိုးကြည့်
သက်ပြင်းတွေချခဲ့ရတဲ့ ငါ့အခန်းထဲကတယ်လီဖုန်းလေ
နာရီကို ရှေ့ ၆ နာရီလောက်တိုးလှည့်ထား
မြန်မာစံတော်ချိန်ဆိုတာဘာလဲမသိ
Computer screen ကိုတညလုံးကြည့်တယ်
မိုးလင်းရင် အိပ်တယ်
သူများတွေပြောတာ နေ့နဲ့ညမှားနေတယ်တဲ့
အဲဒါ လွန်ခဲ့တဲ့ 2နှစ်က ငါရှင်သန်ခဲ့တဲ့ရက်တွေပေါ့..

လွန်ခဲ့တဲ့ ၁ နှစ်က
တယ်လီဖုန်းထဲကပြောတယ်
စိတ်ကုန်ပြီတဲ့
တယ်လီဖုန်းအသံမြည်တာလဲရပ်သွားတယ်
သက်ပြင်းချရတဲ့ညက ရက်ဆက်လာတယ်
တယ်လီဖုန်းထဲကိုငါပြန်ပြောတယ်
ငါကိုပြန်ခေါ်ပါ လို့
အဲဒီနောက်အဲဒီတယ်လီဖုန်း ဘာသံမှမကြားရတော့ဘူး

အပြင်မှာကြယ်တွေစုံသလောက်
ငါရင်တခုလုံးဟာနေတယ်
အပြင်မှာ လရှိလည်း ငါတယောက်ထဲမှောင်နေတယ်
အချိန်တွေလက်ချိုးရေနေတယ် အသက်တချက်ရှူတိုင်း
မျက်ရည်တစက်ကျသလို။။
မင်းစကား မင်းအသံ မင်းမျက်နှာတွေ
မျက်စိလွှဲလို့မရအောင် ပြည့်နှက်နေတယ်
Computer Screen ကိုကြည့်
ညတိုင်းအိပ်မရလို့ မိုးလင်းခဲ့တာလည်းမနည်းတော့ဘူး
မျက်ရည်တွေနဲ့မျက်နှာသစ်ရတဲ့မနက်တွေမနည်းတော့ဘူး..
ည..အဲဒါ ငါရှင်သန်နေတဲ့ညတွေ..

အိမ်မက်လားအိမ်မက်တခုမက်ခဲ့တာလား

 
posted by Anonymous at 11:05 AM |
17 August 2007
I miss U, sis
ဒီသီချင်းနားထောင်တိုင်းအရမ်းသတိရတယ်
ကြယ်ကြွေတိုင်းဆုတောင်းခဲ့ပေမဲံ....ခုထိတော့ဆုတောင်းမပြည့်ခဲ့ဘူး
တချို့ဆုတောင်းတွေဆို..ပြည့်ဖို့အခွင့်အရေးတောင်မရှိတော့တာပါ

ဘယ်လိုလဲ...sis..ဒီသီချင်းကိုကြိုက်တုန်းပဲလား

ဆုတောင်း
KFA

ကြယ်လေးတွေကြွေနေချိန်တိုင်း ..ဆုတောင်းတိုင်းလည်းပြည့်သွားတတ်လို့..
အဖြူရောင်ကြယ်လေးတွေရေ..မကြွေပါစေနဲ့ .
ဒီအတိုင်းလေးပဲ ဟိုမိုးသားထက်မှာနေနေတော့လေ..










ကောင်းကင်ထဲကိုလိုက်ရှာ..ငွေရောင်ကြယ်လေးတွေကများစွာ.
ညအမှောင်ထဲကိုကြည့်တော့..အရာရာတိုင်းကလှနေဆဲပေါ့..
လောကကြီးကိုကြည့်ပါ..လူတွေတစ်မျိုးစီရူးနေကြတာ..
ကြယ်လေးတွေဆုတေတဲ့အခါ ..ုတောင်းတိုင်းပြည့်သတဲ့ကွာ..
အပြစ်နဲ့ပေးဆပ်ခြင်းတွေ..ူတွေရရှိကြချိန်မှာ..
တမ်းတမိကြတဲ့အရာ..ကြယ်တွေဘုရားရှင်ဖန်ဆင်းတာ..
ဖိုးလမင်းကြီးအနားမှာ..ကြယ်တွေဝိုင်းလို့နားနေတာ..
မှိတ်တုတ်မှိတ်တုတ်ကြယ်လေးရေ..
မြေမှာခလို့မင်းအသက်ဆင့်လို့မကြွေပါနဲ ….

ဟိုးရှေ့ကောင်းကင်ကြီးမှာ…
ရောင်စုံအလင်းတန်းတွေကများစွာ..
အလင်းမှိတ်သွားနဲ့ကြယ်လေး..သနားနေ..
ညဘက်ကောင်းကင်ကြီးမှာ…တစ်မျိုးစီလှနေကြတာ..
သူတို့တွေဆုတေတဲ့အခါ..ဆုတောင်းတိုင်းပြည့်သတဲ့ကွာ
အပြစ်နဲ့ပေးဆပ်ခြင်းတွေ..လူတွေရရှိကြချိန်မှာ..
တမ်းတမိကြတဲ့အရာ..ကြယ်တွေဘုရားရှင်ဖန်ဆင်းတာ..
ဖိုးလမင်းကြီးအနားမှာ..ကြယ်တွေဝိုင်းလို့နားချိန်မှာ..
မှိတ်တုတ်မှိတ်တုတ်ကြယ်လေးရေ..
မြေမှာခလို့မင်းအသက်ဆင့်လို့မကြွေပါနဲ…
 
posted by Anonymous at 11:48 AM |
30 July 2007
ဒီနေ့ကစပြီးတယောက်ထဲ နေတတ်အောင်ကြိုးစားရတော့မယ် ထင်တယ်..
အဖေနဲ့အမေကိုဘာမှမပြောပြတတ်တော့အိမ်မှာဆိုလည်းတယောက်ထဲပါပဲ..
အဝေးကအစ်ကိုအမတွေနဲ့လည်းပြသာနာကြီးကြီးကျယ်ကျယ်ကလွဲပြီးစကား
သိပ်မပြောကြဘူး....
ကိစရှိတိုင်းတိုင်ပင်နေကြစိတ်ညစ်တိုင်းပြောပြနေကြသူတွေနဲ့လည်း
ခွဲရတော့မယ်ထင်တယ်..
ခုချိန်ကစပြီးကြိုးစားပါမယ်…စိတ်ညစ်တာတွေကိုတယောက်ထဲသိမ်းထားဖို့ကြိုးစားပါမယ်..
ပျော်တယ်ဆိုတာမရှိသလို..မပျော်ဘူးဆိုတာလည်းမရှိအောင်ကြိုးစားနေရမယ်
စာတွေကျက်လို့မရလည်းငါကလွဲရင်ဘယ်သူမှဘာမှမကယ်နိုင်ဘူးဆိုတာ
သိထားပါမယ်..အဖော်တယောက်ယောက်ရှိဖို့လိုလည်း သတိရနေရုံပေါ့…
ကိုယ့်မိသားစုတွေတောင်ကိုယ့်နားမှာမနေနိုင်တာပဲ..
တယောက်ယောက်ပြောပြဖူးသလို….သံယောဇဉ်မကြီးတတ်အောင်နေပါမယ်
အစ်မရင်းထက်အိမွန်စိုးအပေါ်ကောင်းနိုင်မှာမဟုတ်ဘူး…..
အစ်မတို့ကိုလည်းသံယောဇဉ်သိပ်မထားနဲ့လို့ပြောဖူးတဲ့အစ်မတို့ကိုလည်း
ကြိုးစားပြီးသံယောဇဉ်လျော့ထားကြည့်ပါ့မယ်...
ဖြစ်နိုင်ရင်သေချင်တာပဲ..လူဖြစ်လာမှာတော့သေနေ့မစေ့ခင်ထိတော့ဝဌ်ခံရမှာပေါ့
အားလုံးကိုစိတ်လျော့ထားလိုက်ပါတယ်……အရမ်းစိတ်ညစ်နေတယ်…
ဘယ်သူ့ကိုမှလည်းမပြောချင်တော့ဘူး....
ဘယ်သူတွေမှလည်းကိုယ့်ကိုနားလည်နိုင်မယ်မထင်ဘူး
စိတ်ထဲမှာမထားတတ်ပဲတယောက်ယောက်ကိုပြောပြလိုက်မှကျေနပ်တဲ့
ems ကဘယ်သူမှမရှိပဲနေဖို့ဆိုတာဖြစ်နိုင်ပါ့မလား..
Emsချစ်တဲ့တယောက်ယောက်တော့emsကိုနားလည်အားပေး
နေနိုင်ရင်သိပ်ကောင်းမှာပဲ

ဒီလိုရေးလိုက်တော့လည်းစိတ်ထဲမှာပေါ့သွားတယ်...တခုတော့အားနာတယ်..
တခြားblogတွေကနေlinkရှိလို့အမှတ်တမဲ့ရောက်လာကြတဲ့သူတွေရှိရင်
တောင်းပန်ပါတယ်..
Ems ရဲ့ကိုယ်ရေးကိုယ်တာ blog မို့လို့အားနာပါတယ်..
Ems နဲ့ပတ်သက်တဲ့သူတွေအတွက်မို့လို့ပါ…
နားလည်ပေးကြပါ..
အမြဲတမ်းစိတ်ညစ်နေတတ်ပြီး..ကိုယ်သံယောဇဉ်ရှိတဲ့သူတွေကလွဲရင်ဘယ်သူ့ကိုမှ
ဂရုမစိုက်တတ်လို့ရေးချင်တာတွေရေးမိတယ်ပဲသဘောထားပေးပါ..
ဘယ်သူ့ကိုမှဂရုမစိုက်ချင်လို့ပါ..
ဘာတွေမှန်းမသိဘူး..blog လုပ်ပြီးလျှောက်ရေးနေတယ်လို့ထင်ချင်လည်းထင်ပါ
အရင်ကတော့သူငယ်ချင်းတွေလိုချင်လို့ blog လုပ်ခဲ့တာဝန်ခံပါတယ်..
ကိုယ့် blog ကိုသူများတွေလာကြည့်လို့အားနာစရာဖြစ်မှာစိုးရိမ်ခဲ့ပါတယ်..
ခု အဲဒီစိတ်ကူးပြောင်းသွားပြီ…ဘယ်သူ့ကိုမှဂရုမစိုက်ချင်တော့ဘူး..
အဲဒါကြောင့် အမှတ်တမဲ့ ရောက်လာတဲ့သူတွေကိုတောင်းပန်ပါတယ်..
ကိုယ်ရေးကိုယ်တာတွေဖြစ်နေတဲ့အတွက်အားနာရပါတယ်..
Ems’ diary ဆိုလည်းမမှားပါဘူး..
ဖတ်စေချင်တာ ems ချစ်တဲ့သူတွေကိုပါပဲ..
 
posted by Anonymous at 11:12 AM |
ဒီနေ့အစ်မတို့အိမ်ကကားမောင်းတဲ့ အစ်ကိုကြီးနဲ့တွေ့တယ်..

အစ်မအမေကိုလည်းတွေ့ခဲ့တယ်…

ဒီလိုမျိုးတွေရေးတာအစ်မကြိုက်မှာမဟုတ်ဘူးနော်..
ကိုယ့်ကိစတွေတခြားသူတွေကိုမသိစေချင်ဘူးလေ..ဟုတ်တယ်မလား.
ဒါပေမဲ့အစ်မမှန်းဘယ်သူမှမသိပါဘူးအစ်မရယ်..
ဒါ ems’s blog ပဲလေ..ems ပတ်သက်တဲ့သူတွေအကြောင်းပါတာမဆန်းပါဘူး..
တကယ်ဆိုဒီဘလောခ်ကို Personal blog အဖြစ်ပဲထားထားပါတယ်..
အရင်ကတည်းကကိုယ်လုပ်ချင်လို့လုပ်ခဲ့တာပဲ..ဘယ်သူ့ကိုမှဂရုမစိုက်ဘူး…
ကိုယ်ရေးချင်တာရေးချင်တယ်..ဘယ်သူကမှတော့တားမနေပါဘူး..
ဒါပေမဲ့ အရင်ကတော့တခြားသူတွေလာလည်တော့
ကိုယ့်ခံစားချက်တွေရေးရတာအားနာတယ်..ခု..ဘယ်သူ့ကိုမှဂရုမစိုက်ချင်တော့ဘူး..

Ems ဂရုစိုက်မဲ့သူလောကကြီးမှာ ၇ယောက်ပဲရှိတော့မယ်..
အဲဒီထဲမှာ အစ်မရှိသေးတယ်နော်သိလား..
အစ်မဘယ်မှာလဲမသိဘူး….
အစ်မဘာတွေလုပ်နေမလဲမသိဘူး..
အစ်မပျော်နေမလားလဲမသိဘူး..
ဘယ်သူတွေနဲ့ဘယ်လိုအရမ်းခင်နေကြမလဲမသိဘူး..
ဘယ်သူတွေကိုညီမလေးလိုဂရုစိုက်နေမလဲမသိဘူး..
သိတာကတော့ ..ဘယ်တော့မှ ems ကိုဂရုစိုက်တော့မှာမဟုတ်ဘူး..
Ems အကြောင်းတွေးရင် စိတ်ကုန်စိတ်ပျက်တာတွေပဲရှိနေမှာ..

စိတ်မကောင်းဘူး..ems အများကြီးဆိုးခဲ့ပါလိမ့်မယ်..
ဒါပေမဲ့ ems အစ်မလောက်ဘယ်သူကိုမှဂရုမစိုက်ခဲ့ဘူး..
Ems ကိုလည်းအစ်မလောက် ဂရုစိုက်တဲ့သူမရှိခဲ့ဘူး..
အဲဒီတော့ ems ဘယ်သူ့ကိုမှအစ်မလောက် မလိုချင်ခဲ့ဘူး..

ဒီနေ့ အစ်မတို့အိမ်က ကားမောင်းတဲ့အစ်ကိုကြီးနဲ့တွေ့ခဲ့တယ်..
စကားပြောခဲ့တယ်..
ယောကျာင်္းလေးတွေကိုစကားသွားပြောဖို့ဆို အသိယောကျာင်္းလေးတွေတောင်
ရှောင်သွားတတ်တဲ့emsကအစ်မအကြောင်းသိချင်လို့
အဲဒီအစ်ကိုကြီးကိုစကားသွားပြောခဲ့တယ်..

အစ်မပြန်သွားပြီတဲ့..ထင်နေတာတော့ကြာပါပြီ..
အတိအကျသိလိုက်ရတာပေါ့..
နေ့တိုင်းအိမ်ကိုဖုန်းဆက်တယ်တဲ့..
Ems အိမ်ကတယ်လီဖုန်းကတော့ oversea call မလာတာကြာပြီအစ်မရယ်..
သတိလုံးဝမရဘူးလား..

Ems အမြဲတမ်းသတိရတယ်..အစ်မလိုအစ်မမျိုးနောက်ထပ်လည်းမတွေ့နိုင်ပါဘူး..
အစ်မကိုလည်းပြန်မလိုချင်တော့ပါဘူး….ems အတွက်နဲ့စိတ်မညစ်စေချင်ပါဘူး..
စိတ်မရှုပ်စေချင်ဘူး…အစ်မကိုပြန်ရမယ်ဆိုရင်တောင်emsထပ်ပြီးစိတ်ရှုပ်အောင်
လုပ်မိမှာကြောက်တယ်..အစ်မမမေ့ဘူးဆိုရင်ပြီးတာပါပဲ….
သတိရပါအစ်မရယ်…
ems အတွက်တဦးတည်းသောအစ်မဆိုတာမမေ့ပါစေနဲ့..
နေကောင်းအောင်နေနေပါနော်…
ချက်တင်းတွေမထိုင်တော့ဘူးလို့ပြောပေမဲ့အစ်မပျင်းရင်ဘယ်လိုလုပ်မလဲ..
ပျင်းချိန်တောင်မရအောင်စာတွေများလို့ပင်ပန်းနေမှာလား..
Ems နဲ့ပတ်သက်လို့ဘာကိုမှသတိမရတော့ဘူးလား
ဆိုးခဲ့တာတွေပဲသတိရပြီးကောင်းတာတွေကိုမေ့လိုက်တာလား..
သတိရပါ… Ems အမြဲတမ်းသတိရနေလို့ပါ..
တခါတလေလောက်ပဲဖြစ်ဖြစ်သတိရပါ..

သူငယ်ချင်းအသစ်တွေနဲ့ပျော်နေလား..
ရည်းစားတွေရောထားနေပြီလား..
တခါတလေအစ်မအကြောင်းတွေးမိရင်..ဘာလို့များအစ်မမိဘတွေစိတ်ချရတာလဲနော်
အစ်မကသူများတွေထက်ပိုပြီးသဘောကောင်းတော့..သူငယ်ချင်းတွေကအနိုင်ကျင့်ကြတယ်..
ရည်းစားရရင်ရော….အစ်မကိုအနိုင်ကျင့်ရင်ဘယ်လိုလုပ်မလဲ..

အဆင်မပြေပေမဲ့လည်း အဆင်ပြေအောင်နေတတ်တဲ့အစ်မကိုတခါတလေလည်းစိတ်မချဘူး
အဆင်ပြေနေပေမဲ့စိတ်ညစ်စရာတွေလျှောက်လျှောက်တွေးတတ်တဲ့
အစ်မကိုစိတ်မညစ်စေချင်ဘူး...ပျော်ပျော်နေပေမဲ့ စိတ်ထဲမှာပဲထားပြီး
ဖွင့်မပြောတတ်တဲ့အစ်မကိုတယောက်ထဲငိုနေမှာကိုစိုးရိမ်တယ်...
အားလုံးကိုရီရီမောမောနဲ့မကောင်းတဲ့သူကိုတောင်အားနာနာပေါင်းတတ်တဲ့အစ်မကို
သူများတွေအနိုင်ကျင့်မှာစိုးရိမ်တယ်...
တိတ်တခိုးအချစ်ဆိုတာမျိုးတွေခံစားပြီးတယောက်ထဲစိတ်ညစ်နေမှာမျိုးတွေစိုးရိမ်တယ်
အိမ်ကိုလွမ်းလို့ငိုရတဲ့ရက်တွေကျော်ပြီး အပျော်လွန်နေမလားလို့လဲစိတ်ပူတယ်
အရာရာပျော်ပျော်နေတတ်တဲ့ပြီး တခါတခါတော့လူတွေကိုစိတ်ကုန်တဲ့
အကြောင်းတွေပြောတတ်တဲ့အစ်မကိုသတိရနေမှာပဲ…..
လူတွေမကောင်းကြောင်းတူတူပြောကြဖို့အခွင့်အရေးမရှိတော့ဘူး
မတွေ့ကြတော့ဘူးလား…….အားလုံးကိုမေ့လိုက်တာလား
ကြိုးကြာနဲ့စင်ဒီသီချင်းနားထောင်ရင်အစ်မကိုသတိရဆို…
အဲဒီသီချင်းတွေကြားရင်တောင် ညီမလေးကိုသတိမရတော့ဘူးလား

နည်းနည်းလေးတောင် ems ကိုသတိမရဘူးလား..အစ်မမရှိတော့ကတည်းက ems
ဘယ်လိုနေနေရမလဲဆိုတာစိတ်ညစ်တိုင်းသတိရတယ်.. အဆင်မပြေတာတွေ့တိုင်းသတိရတယ်..
ကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုစိတ်တိုတိုင်းသတိရတယ်..
စေတနာထားပေမဲ့အထင်လွဲခံရတာတွေကြုံတိုင်းသတိရတယ်
စာတွေမကျက်နိုင်တိုင်းသတိရတယ်
ငိုမိတဲ့အခါတိုင်းလည်းသတိရတယ်..
စာတွေကျက်လို့မရဘူး….လူတွေနဲ့စကားမပြောချင်ဘူး
မိဘတွေကိုလည်းအထင်လွဲနေတာမှန်းသိပေမဲ့ စကားမပြောချင်ဘူး
စိတ်ဓာတ်မကောင်းတဲ့သူတွေအကြောင်းပြောပြချင်လိုက်တာအစ်မရယ်
ဘယ်တော့မှစကားတွေပြန်ပြောဖြစ်ကြမှာလဲ
သမီးတို့အရင်လိုလူတွေအကြောင်းပြောရင်း….ရီစရာတွေပြောကြဖို့မရှိတော့ဘူးလား

Email တချက်လောက်ပို့ပေးပါလားအစ်မရယ်…
သတိရပါတယ် ဆိုတာလောက်ပဲဖြစ်ဖြစ်ပေါ့…
ပိတ်လိုက်တဲ့ email account ကိုလည်းပို့လို့မရမှန်းသိပေမဲ့ပို့နေတုန်းပဲ..
ဘယ် account တွေသုံးနေခဲ့တာလဲ…
ဘယ် Gmail နဲ့ချက်တင်းတွေထိုင်နေတာလဲ..
ဘယ်သူတွေနဲ့အရမ်းခင်နေပြီလဲ..
လူတွေကိုအရမ်းအားမနာပါနဲ့နော်…
အရင်စိတ်ကုန်တဲ့အစ်မပတ်ဝန်းကျင်ကလူတွေနဲ့ဝေးပြီဆိုတော့ပျော်နေပြီလား..
အစ်မစိတ်ကုန်တဲ့သူထဲမှာပါခဲ့မယ်လို့မထင်ခဲ့ဘူးအစ်မရဲ့..
ဘာဖြစ်လို့လဲဆိုတော့..အစ်မစိတ်ကုန်အောင်ဘယ်တော့မှမလုပ်ဘူးလို့ယုံနေခဲ့လို့လေ
အစ်မအရမ်းစိတ်ကြီးသလိုပဲနော်…အရမ်းပြတ်သားသလိုပဲ..
အဲဒီလောက်အေးစက်စက်နိုင်မယ်လို့တော့မထင်ခဲ့တာအမှန်ပဲ..

Ems အတွက်ဘယ်သူနဲ့မှအစားထိုးလို့မရဘူးဆိုတာသိရဲ့သားနဲ့
Ems အတွက်မရှိရင်မဖြစ်လို့ပါဆိုတာသိရဲ့သားနဲ့
Ems ရည်းစားရရင်တောင် အစ်မလောက်သံယောဇဉ်ဖြစ်ပါ့မလားမသိဘူး..
ဘယ်သူနဲ့မှသိပ်အဆင်မပြေတတ်တဲ့ ems ကိုအစ်မမှစိတ်ကုန်ပြီဆိုရင်ဘယ်သူက ems အပေါ်စိတ်ရှည်နိုင်တော့မှာလဲ..

Ems ချစ်တဲ့သူတွေအကုန်လုံးကို ကိုယ်ချစ်သလိုကိုယ့်ကိုပြန်ချစ်တာလိုချင်တယ်..

Ems အမေက ems ထက် သူ့သားကိုပိုချစ်တယ်..
သူ့သားပြန်လာဖို့ကိုပဲမျှော်နေတယ်..ပြီးတော့..သူ့သမီးကြီးကိုအားကိုးတယ်..
သူ့သမီးကြီးအတွက်ဆို ems ကိုပဲအသုံးချရအသုံးချလိမ့်မယ်.
Emsကတော့နားလည်ပေးလိုက်ရတယ်..
သူ့သမီးကြီးပြောတဲ့စကားတချို့ကိုစိတ်ညစ်မှာစိုးလို့မပြောခဲ့ဘူး
သူအထင်ကြီးတဲ့သူ့သားကသူ့ထက်ချစ်ရမဲ့သူရှိနေတာကိုလည်းစိတ်ညစ်မှာစိုးလ
ို့သေသေချာချာမပြောပြခဲ့ဘူး..Emsအဖေကလည်းသူ့သားက
emsထက်ပိုချစ်တယ်..emsကိုပြောလို့မရလို့တဲ့ဆိုးတယ်တဲ့...
သိပ်မပြောချင်ဘူးတဲ့..အရမ်းလိမာတဲ့သူ့သားနဲ့သမီးကသူစိမ်းဖက်ပြီး
အဖေကိုအဆိုးမြင်နေတာတွေဘယ်သူ့ကိုမှမပြောခဲ့ဘူး..
Emsအစ်မကလည်းအဝေးမှာရှိတဲ့သူ့မောင်လေးကိုချစ်လိုက်ရတာ..ems ဆိုရင် မုန့်ဖိုးပေးရင်ပြီးပြီလို့ထင်နေခဲ့တာ
Ems ချစ်တဲ့ အစ်မကြီး၂ ယောက်ကလည်းပြောတယ်..
သူတို့ကိုအဲဒီလောက်မတွယ်တာပါနဲ့ သံယောဇဉ်မထားပါနဲ့
သူတို့လည်း ems အစ်မအရင်းထက်ဘယ်ပိုကောင်းနိုင်မလဲ တဲ့..
အစ်မအရင်းကတောင် သူတို့လောက်မကောင်းနိုင်တာဘယ်သိမလဲ..
မသိတော့ဘူး..ဘာမှမသိချင်တော့ပါဘူး..

အစ်မရယ်…email တချက်တောင်မပို့နိုင်တော့ဘူးလား..
အရင်လိုအစ်မမကြိုက်တာတွေမလုပ်တော့ပါဘူး..
အစ်မမကြိုက်သလိုမနေတော့ပါဘူး..
အစ်မထင်လို့လား…..ems အစ်မကိုမေ့သွားမှာပဲလို့
မထင်ပါနဲ့….ဘာလုပ်ရမှန်းမသိဘူး..

တခါတခါအသက်ရှင်ချင်စိတ်တောင်မရှိဘူး..
အရမ်းစိတ်ညစ်တယ်..
စိတ်ညစ်၇တိုင်း အစ်မသာရှိရင်လို့တွေးမိရင်ကိုယ့်ကိုကိုယ်မုန်းတယ်..
Ems အမှားတွေအများကြီးလုပ်မိခဲ့လား
တောင်းပန်ပါတယ်..တကယ်တောင်းပန်ပါတယ်..အဲဒါတွေအတွက်..
 
posted by Anonymous at 10:54 AM |
27 June 2007
ဒီသီချင်းကိုမှတ်မိသေးရဲ့လား..
ဘယ်တော့မှမဆုံနိုင်တော့မှန်းသိတယ်..
ems အပြစ်တွေအတွက်တောင်းပန်ပါတယ်.
မုန်းတော့မမုန်းပါနဲ့..
လုပ်ခဲမိတဲ့အပြစ်တွေကတကယ်တမ်း..
နင်စိတ်ကုန်လို့သာအပြစ်ဖြစ်သွားတာပါ.
ဘာလို့နားမလည်ရတာလဲ..
အဲလိုလုပ်သွားရင်ဘယ်လိုခံစားရမယ်ဆိုတာ..
သိသင့်ပါတယ်..
Don't you know how much I love U???? Do you?



Listen!

ဘယ်သူမှအနားနားမှာမရှိသောဘ၀..
ငါတယောက်ထဲနေ့ညတွေပျံသန်းသွား
ရည်ရွယ်ရာမရှိတော့သူငါ့အလွမ်းများ
တွယ်ရာမဲ့ခရီးဝေးငါနှင်ခဲ့တာ
အဆုံးသတ်ကိုသိခဲ့တဲ့ဇာတ်လမ်းတပုဒ်...
ပျော်ရွှင်စွာအစပြုခဲ့မိ..
ပြိုလာတဲ့မိုးကောင်းကင်ကြီးအောက်..တယောက်ထဲ..
ဒါအချစ်ပဲ..ဦးနှောက်တွေမလိုဘူးလေ...
ဒါအချစ်ပဲ..ရိုးသားစွာယုံသမျှတွေ
ဒီရင်ထဲရှိသမျှနင်အကုန်လုံးယူ
အဆင်မပြေတော့ပစ်ချလို့ထွက်ပြေးသူ
မင်းအကြောငးတွေအကောင်းပဲ..ငါထာဝရအတွက်
နင်ဘာမှမမှားဘူး..
အရာရာရဲ့အစပြသာနာများလည်း..ငါပါပဲ..

( ခွဲလို့သွားနိုင်တယ်..နှလုံးသားတခုမင်းလက်ထဲ
ညာချင်လည်းသဘောပါပဲ..အကုန်ပျက်စီးသွားနိုင်တယ်..
စေလိုရာစေတော့ကွာ..ဒီရင်မှာအချစ်များစွာ..
မင်းအတွက်....)
 
posted by Anonymous at 11:25 AM |
25 June 2007
အားလုံးကိုစိတ်ကုန်တယ်..
တဦးတယောက်ရယ်လို့မဟုတ်ပါဘူး..
နောက်ဆို ဂျီတော့ခ်ကသူငယ်ချင်းလည်းမရှာ်တော့ပါဘူး..
------------------------------------------------------------------------------
လူတွေ...လူတွေ..
တကိုယ်ကောင်းဆန်ကြတယ်...
မရှိတဲ့မာနကိုလည်းကြီးတတ်ကြတယ်..
ရှိတဲ့မာနကိုလည်းထောင်လွားနေကြတယ်..
မခေါ်ချင်ပဲလည်းခေါ်ကြတယ်..
ခေါ်ချင်တာတောင်လည်းဟန်ဆောင်ပြီးမျက်နှာလွှဲကြတယ်..
ems အလွန်ပဲထားလိုက်ပါ...
ဒီထက်ပိုပြီးလည်းလူတွေအကြောင်းမသိချင်တော့ပါဘူး..
အားနည်းတဲ့သူဆိုပိုနာကျင်အောင်လုပ်ချင်ကြတယ်..
အားများတဲ့သူဆိုဘာကြီးပဲဖြစ်နေဖြစ်နေ..ဂရုစိုက်ချင်ကြတယ်..
အားပေးချင်ကြတယ်..လိုတာထက်ပိုပြီး..စကားများချင်ကြတယ်..
လူတွေကအရမ်းကြောက်ဖို့ကောင်းတယ်..
အရမ်းဟန်ဆောင်ကောင်းတယ်..

ကောင်းပါတယ်..
ဒီဘလောခ်ကိုသက်ဆိုင်သူတယောက်အတွက်ပဲထားလိုက်တော့မယ်..
ems ကိုချစ်တဲ့သူတွေအတွက်ထားလိုက်တော့မယ်..
 
posted by Anonymous at 10:17 AM |
19 June 2007
သီချင်းနံမည်မသိဘူး..
I MISS YOU လို့ပဲထားလိုက်ပါတော့..
သီချင်းလေးတော်တော်ကောင်းပါတယ်..
Listen!


ဝေးသွားတဲ့အတွေးများနဲ့ငါလေမင်းလေးအနားပဲသွားချင်ခဲ့
အလေးမထားတဲ့ငါ့ရဲ့အချစ်တွေနင်ထင်ရာလုပ်လိုက်နိုင်တယ်
မင်းကတော့မသိနိုင်ပါ..ရင်မှာနာကျင်ကြေကွဲလွမ်းတာတွေ
ထားရစ်ခဲ့အဝေးမှာပဲ...နင်မလိုချင်ရင်ပြန်လည့်မကြည့်တော့
မငိုဘူး..ဒီရင်ထဲ..မင်းမရှိတဲ့အချိန်များလည်း
ငါ့ဘ၀ကတိမ်လိုလေမှာလွင့်မျော

------------------------------------------
------------------------------------------
------------------------------------------
------------------------------------------
အသုံးချလိုက်ငါ့ဘ၀ကိုနင်မလိုချင်ထားခဲ့ပါ
ငါ့အချစ်ကိုနားမလည်လည်းအဝေးဆုံးကိုသွားလိုက်ပါ..
မှားခဲ့တာငါပါပဲ..ဒီဘ၀ထဲအလိုချင်ဆုံး
မင်းလေးတယောက်သာချစ်ခဲ့လို့
အကြိမ်ကြိမ်ငါရှုံးခဲ့တာ
ဒိုင်ယာရီစာအုပ်ကြားကပန်းအကြွေပိတောက်
တွေကလည်းခြောက်လာပြီပဲ
သတိရတိုင်းဓာတ်ပုံဟောင်းတွေကို
လျှောက်ကာကြည့်ဆဲ..လူတွေအတွက်
ကမာကြီးကကျဉ်းကျဉ်းလေးပါပဲ..တို့နှယောက်က
မဆုံနိုင်အောင်အချင်းချင်းဝေးကွာခဲ့
ဒါတွေဟာမချစ်လို့လည်းဖြစ်ချင်ရင်ဖြစ်မှာပေါ့
နောက်တယောက်ကိုပြောင်းပြီး
နင်ချစ်ချင်ရင်ချစ်ပါတော့...........

------------------------------------------
------------------------------------------
------------------------------------------
------------------------------------------
နောင်တထဲရုန်းထွက်စရာအားတောင်မှမရှိတော့တဲ့..ငါ
အကြင်နာတွေမှားခဲ့သမျှ...ကျေပါတော့..ဒီမျှနဲ့သာ...
 
posted by Anonymous at 4:06 PM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????