16 May 2007
Dear my sis: ချစ်သုဝေသီချင်းကလတ်တလောမရှိသေးလို့
ဒီသီချင်းအစ်မအရမ်းကြိုက်တယ်ဟုတ်...
listen!!!!!
 
posted by EMS at 12:21 PM |
အိမ်မက်မက်ခွင့်ရရုံနဲ့ကျေနပ်ရသူပါ
ကြိုးကြာ+စင်ဒီ

အိမ်မက်မက်ခွင့်ရရုံနဲ့ကျေနပ်ရသူပါ.....
ဘာကြောင့်လည်းဘယ်ကတည်းကလည်း..
ဘာမှမသိပါငါ့စိတ်ထဲ..ငါ့ရဲ့ဘေးနားမင်းရှိရင်ငါကျေနပ်တယ်
အသန့်ရှင်းဆုံးနင်ပြုံးလိုက်တ်ုငး..လှုပ်ရှားမိတဲ့နှလုံးသားဟာ..
အလိုလိုအပြစ်ဆူးစူးရပြီ..နာကျင်လို့ရယ်


ာပဲဖြစ်ဖြစ်ပါ..ဘာပဲဖြစ်ဖြစ်ပေါ့..
တဖက်သတ်ဘ၀ပါ...ဘယ်သူမှမသိအောင်
တိတ်တခိုးလေးချစ်မယ်..
ဖြူစင်တဲ့တဖတ်သတ်အချစ်..
စေတနာရေစီးရင်းလေ..ချစ်တဲ့မင်းစိတ်ချမ်းသာဖို့
ငါပေးဆပ်ချင်တယ်..တကယ်ပါကိုယ်ကျိုးစွန့်ချင်
ဘာမှမမျှော်လင့်ဘူးလေ..
အိမ်မက်မက်ခွင့်ရရုံနဲ့ကျေနပ်ရသူပါ.

နင်မသိလည်းဘာမှမဖြစ်ဘူး..ရင်ထဲချစ်မယ်
တိတ်တဆိတ်ပေါ့..ပျော်ရွှင်နေတဲ့နင့်မျကနှာမြင်နေရရင်
စေတနာတွေစော်ကားနေသလို..ထင်မိတဲ့အခါစိတ်အားငယ်
ကွယ်ရာငိုရင်းခွင့်လွှတ်..ငါကိုယ်တိုင်နားမလည်

Imissyou..
(ဘာလို့ဘာမှမပြောပဲအဝေးကြီးကိုထွက်သွားတာလဲ)

 
posted by EMS at 11:57 AM |
14 May 2007

ပိုစ်အသစ်မတင်ဖြစ်တာတော်တော်ကြာပြီ.....ဘာတင်ရမှန်းလည်းမသိပါဘူး.
စိတ်ညစ်နေခဲ့တာ..ဘာတွေလုပ်ရမှန်းလည်းမသိတော့ဘူး..
စာမေးပွဲက June 2 and June 10 , 2subjects
subject တခုကို အကြမ်းဖျင်း chapter ၁၅ ခုစီရှိတယ်..
ခုမေလတ၀က်ကျိုးပြီchapterတ၀က်မကျိုးသေးဘူး..
တင်ထားတဲ့အဆိုင်းမင့်တွေပြသာနာတွေတက်နေတယ်..ပြန်ပြင်ရမယ်လို့ပြောတယ်...
အိမ်မှာလည်းလူကြီးတွေကလည်းဘာတွေလည်းမသိဘူး..
ရတောင့်ရခဲအလုပ်တခုအတွက်လည်းရင်မောနေရတယ်..
သူငယ်ချင်းနဲ့လည်း ရန်ဖြစ်ထားတယ်....
အိမ်မှာအင်တာနက်မရဘူး....
ဟူး----------စဉ်းစားကြည့်ပါတော့..ခုနည်းနည်းပေါ့သွားတာ..
လွန်ခဲ့တဲ့်လောက်ကတည်းကစိတ်ညစ်နေခဲ့ရတာမနေ့ကဖြေရမဲ့ဘာသာတခုရဲ့
notesတွေရေးထားတဲ့fileပျောက်သွားတယ်...
ဘာမှကိုမလုပ်ချင်တော့ဘူး...စိတ်ကုန်ပါတယ်..
မနေ့ကအစ်ကိုကအမေများနေ့မို့ဆိုပြီးဖုန်းဆက်တယ်..အစ်ကိုနဲ့ပါရန်ဖြစ်လိုက်ရသေးတယ်..
စဉ်းစားမိပါတယ်..အားလုံးနဲ့တယောက်ဆိုတော့လည်းကိုယ့်အလွန်ပဲနေမှာပါပဲလေ
ခုတလောမှအနားမှာရှိတဲ့လူတွေလည်းထင်တာထက်ပိုပြီးတကိုယ်ကောင်းဆန်နေကြသလိုပဲ..
လွယ်ပါဘူးရှင်..စိတ်ညစ်စရာကြီး..
စာမေးပွဲလည်းမြန်မြန်ပြီးပါစေ...အားလုံးလည်းအဆင်ပြေပါစေ..
ems good luck..
ကိုယ့်ဘာသာကိုယ် wishလုပ်လိုက်ပါတယ်..
မိုးတွေလည်းအရမ်းရွာနေပြီ...
အရင်ကတော့မိုးရွာတာကြိုက်တယ်.ခုတော့..........
တခါတလေမိုးရွာရွာနဲ့သူများတွေကအလိုက်မသိအယ်ဆိုင်းဇီ
သီချင်းတွေဖွင့်နေသေးတယ်..
စာကျက်လို့မရတဲ့အထဲလေ..စိတ်ညစ်သွားတာပဲ..
ခုတလောနေရတာတကယ့်ကိုခြောက်ကပ်ကပ်ကြီး..
!_!
 
posted by EMS at 4:15 PM |
08 May 2007
emsကြိုက်တဲ့မင်းသားပုံကိုရှာလို့မရဘူး..
နံမည်အရင်းမသိတော့ခက်တယ်..သိတဲ့သူရှိရင်ပြောပေးပါ..
သူ့ပုံအရမ်းလိုချင်နေတာ..လီဟန်နီကားထဲကရှေ့နေလေ..

 
posted by EMS at 4:00 PM |
အရမ်းချစ်စရာကောင်းတယ်နော်..
ems ကပဲများပြီးရိုက်ထားတဲ့ပုံတွေဆိုမကြိုက်ဘူး..
သဘာဝအတိုင်းရီနေတဲ့ပုံလေးတွေကိုပိုကြိုက်တယ်..
yejin ကလည်းသဘာဝအတိုင်းရီရင်ပိုချစ်ဖို့ကောင်းတယ်..
ရုပ်တည်ကြီးနဲ့နေလည်းမျက်နှာလေးကအေးချမ်းတယ်..

I like her very much!!!!!!








 
posted by EMS at 3:09 PM |
Congratulation yejin!
The 43th Paek Sang Arts Award

Yejin is nominated for Best Acting Award.
Her recent work "Alone in Love" is also being nominated for a Drama Award.The Award ceremony will be held on 25th April 2007.

 
posted by EMS at 2:49 PM |
07 May 2007
သီချင်းခေါင်းစဉ်မသိဘူး.. နားထောင်လို့ကောင်းတယ်
Listen!
ငါတို့ချစ်ခဲကြတာဟာမုန်းဖို့မှမဟုတ်တာ..
ဒီလိုဝေးလို့သွားတဲ့ခဏမှာနှလုံးသားလေးကိုသိမ်းထားပေးပါ
မင်းနဲံငါ့အဖြစ်ဟာပုံပြင်တပုဒ်မှမဟုတ်တာ..
အတူတူရှိခဲ့ကြမင်းနဲ့ငါနှလုံးသားလေးပြန်မေးကြည့်ပေးပါ.

တွဲထားတဲ့လက်ကိုလည်းမင်းဖြုတ်လို့ထားခဲ့တာ
ဟိုးအဝေးကိုသွားခဲ့တာမျက်ရည်တွေငါ့အတွက်လား
ဆုံးရှုံးတဲ့အတွေးတွေလည်းအမြဲတမ်းပဲခြောက်လှန့်ကာ
ငါ့ဘ၀မှာသိပ်ချစ်တာနင်တယောက်ထဲသိရဲ့လား
-----------------------------------------------------------
-----------------------------------------------------------

(တိုက်ဆိုင်မှုတွေရှိခဲ့ရင်..ငါလေမင်းကိုလွမ်းတယ်

လောကကြီးနဲ့အဆင်မပြေတော့..ငါလေမင်းကိုလွမ်းတယ်

တယောက်ထဲအားငယ်အဖော်မဲ့တဲ့အချိန်..ငါလေမင်းကိုလွမ်းတယ်

 
posted by EMS at 3:05 PM |
05 May 2007
FOR SOMEONE SPECIAL

ရန်ကုန်မှာမိုးတွေအရမ်းရွာနေပြီ..မနှစ်ကဒီလိုအချိန်မှာသူနဲ့အဝေးကြီးဖြစ်နေပေမဲ့
စိတ်ချင်းကနီးနီးလေးပဲအခုရွာနေတဲ့မိုးတွေအောက်မှာ၂ယောက်တူတူ
ရှိနေရင်တောင်တယောက်နဲ့တယောက်အဝေးကြီးဖြစ်နေကြလိမ့်မယ်
ဘာတွေဖြစ်ခဲ့ကြတာလဲ…ငါဘာမှားခဲ့တာလဲ…သူရောဘာတွေစိတ်ညစ်သွားတာလဲ..
ဘာတွေစိတ်ကုန်ခဲ့တာလ..ဲအဲဒီမေးခွန်းကိုဖြေဖို့နင်လည်းရှောင်နေတာ ၁ နှစ်ရှိရော့မယ် ငါလည်းမေ့ပစ်ဖို့ကြိုးစားရင်းနီးစပ်ဖို့တွေးကြည့်ရင်းပေါ့....၀န်ခံပါတယ် တရက်မှမေ့မနေခဲ့ပါဘူး..ပြုသူအသစ်ဖြစ်သူအဟောင်းဆိုတဲ့စိတ်နဲ့ငါဝဌ်ကြွေးရှိသမျှ
ဒီမျှနဲ့ကျေပါစေ...ဒီ့အတွက်နင်ခုလိုပြန်ဝဌ်မလည်ဖို့လည်းငါဆုတောင်းတယ်
တကယ်ပါ နင့်ကိုဘာအတွက်နဲ့မှမခံစားစေချင်ဘူး..
နင်လည်းငါ့လိုထိခိုက်လွယ်တဲ့စိတ်ရှိတဲ့သူပဲ..ငါသိတာပေါ့
ငါ့နေရာမှာနင်သာဆိုလည်း ငါထက်ပိုမခံစားရပေမဲ့ငါ့လောက်နီးနီးနင်ခံရလိမ့်မယ်။
မဖြစ်ပါစေနဲ့ **ရယ် ငါတကယ်ဆုတောင်းပါတယ်
ငါကျတဲ့မျက်ရည်မျိုးနင့်ဆီမှာမြင်ရရင် ငါရင်နာလိမ့်မယ်..ငါ့ညတွေမျိုးနင်ကြုံရတဲ့အခါ
ငါ့တောင်းပန်သံမျိုးနင်ကိုယ်တိုင်ပြောရတဲ့အခါ…ဟာ- နင်ဒါမျိုးဘယ်တော့မှမဖြစ်ရဘူးနော်
ငါလည်းနင်ဝဌ်လိုက်အောင်မနေဘူး..နင့်ရှေ့မှာဘယ်တော့မှမငိုတော့ဘူး _ _.
အားနာပါးနာ မငိုပါနဲ့လို့ပြောတဲ့နင့်အသံမျိုးကိုနင်ကိုယ်တိုင်ပြန်ကြားရမှာငါစိုးတယ်…
နင့်ဆ်ီလည်းဘယ်တော့မှဖုန်းမဆက်ဘူး**ဖုန်းမပြောချင်တဲ့နင့်ပုံစံကြောင့်
အောင့်သက်သက်ခံစားရတာမျိုးနင့်ကိုဝဌ်မလည်စေချင်ဘူး..တကယ်ပြောတာ**.
ငါလေ နင့်မွေးနေ့တိုင်းမှာလည်းဘုရားမှာမေတာပို့တုန်းပဲ နင်စိတ်ချမ်းသာဖို့
ဆုတောင်းပေးတုန်းပဲ..နင်ပြန်ချစ်လာဖို့ဆုတောင်းကိုတော့ငါကိုနင်နောက်ဆုံး
ပြောကတည်းက အပြီးပြတ်စွန်လွှတ်လိုက်တာခုချိန်ထိပဲ…
နင်ကတော့ဘယ်သိမှာလဲ နင့်အတွက်ဆို ဘာကိုမှသိပ်ကြည့်တတ်ခဲ့တာမဟုတ်ဘူး..
နင့်အတွက်ဆို ဘယ်သူ့ မှဂရုစိုက်ခဲ့တာမဟုတ်ဘူးနင်နဲ့ပတ်သက်ရင်ဘာကိုမှလည်း
လစ်လျူရှုမထားခဲ့ဘူး..နင်ပြောသမျှလည်းနားမထောင်ခဲ့တာမရှိဘူး…
နင့်စိတ်ချမ်းသာဖို့ဆိုဘာဖြစ်ဖြစ်လုပ်ပေးဖို့ဝန်မလေးခဲ့ဘူး….
ဒီထက်ပိုပြီးဘာကိုထပ်နားလည်ရဦးမှာလဲ**အပြစ်မရှိဘူးလို့တော့ငါမပြောလိုဘူး…
နင့်ဘက်ကမြင်တော့အပြစ် ..ငါ့ဘက်ကကြည့်တော့ချစ်တာတခုတည်းပါ…
သေချာတာ နင်ပြောတဲ့အပြစ်တွေက ထားသွားဖို့မလုံလောက်ဘူးနော်..
တကယ်ဆိုအပြစ်တွေထောက်ပြပြီးထားခဲ့ဖို့တောင်မလိုပါဘူး**ရယ်..
ငါနင့်ကိုအမြဲစိတ်ချမ်းသာစေချင်ပါတယ် ခုချိန်ထိပါပဲ နင်စိတ်ချမ်းသာအောင်နေခဲ့တာ..
ဘာမှလည်းငါမမေးတော့ဘူး..ဘာကိုမှလည်းမသိချင်တော့ဘူး..
ဘယ်လိုမှလည်းမတောင်းပန်တော့ဘူး..ငါမပတ်သက်ရင်နင်စိတ်ချမ်းသာမယ်ဆိုတာ
ငါသိနေလို့ပါ…အားမနာပါနဲ့…ငါနေတတ်အောင်နေနေပါတယ်..
အရမ်းသတိရလွန်းလို့ဖုန်းဆက်မိရုံသက်သက်ပါ…ဘာကိုမှမမျှော်လင့်ပါဘူး..
ဘာမှမပေးနိုင်တော့တဲ့သူဆီကလျော့ရဲရဲအပြုံးတွေနဲ့အသက်မပါတဲ့စကားလုံးတွေကလွဲလို့
ငါဘာများရနိုင်မှာလဲ..နေပါ..စိတ်ချမ်းသာအောင်နေပါ..
အနည်းဆုံးနင်ပျော်နေတာမြင်ချင်တယ်..
အများဆုံးတော့ငါ့အတွက်နင်အရင်
လိုလှိုက်လှိုက်လဲလဲပြုံးပြတာမျိုးကိုလိုချင်တယ်….
အရင်လိုရီစရာတွေပြောပြတာမျိုး
လိုချင်တယ်..အရင်လိုသီချင်းဆိုပြတာမျိုးလိုချင်တယ်….
အရင်လို..အရင်လို..
ငါအရင်လိုနေချင်တယ်**ရယ်
..လူတွေကမဖြစ်နိုင်ပါဘူးဆိုမှလိုချင်ကြတယ်နော်..
တကယ်ဆိုနင်ရောငါရော ဒီလိုဖြစ်လာမယ်လို့တွေးခဲ့ကြလို့လား..

ငါကတော့တွေးထားခဲ့ဖူးတယ်…နင်ကလည်း ဘယ်တော့မှဖြစ်မလာနိုင်ဘူးလို့
တုန့်ပြန်ခဲ့ဘူးတယ်. ဟား ဟား ပြန်တွေးကြည့်တော့ ငါကိုယ်တိုင်တောင်မယုံချင်ဘူး..
အခြေအနေတွေကပြောင်းသွားလိုက်တာ..အမြဲရီနေတဲ့နင့်ပုံစံက ငါ့ရှေ့မှာအလိုမကျတဲ့ပုံနဲ့
စိတ်မရှည်စွာနဲ့စကားတွေကို အင်း အဲနဲ့၁၀ခွန်းပြည့်အောင်တောင်မပြောနိုင်တော့ပါလား
တွေးကြည့်ရင်တော့ ရင်နာတယ်ဟာ..မတွေးမိအောင်တော့နေတယ်..
ငါနင့်ကိုစိတ်မနာချင်ဘူးလေ..နားလည်ဖို့ကိုကြိုးစားရင်းနဲ့ခုဆိုငါ့ကိုယ်ငါတောင်
သနားနေတတ်ပြီ…အရင်လိုငါ့အတွက်နင်မရှိလည်း နင့်အတွက်ငါအသင့်ရှိနေပေမဲ့
ငါကိုဆိုနင်ဖုန်းတချက်တောင်မဆက်နိုင်တော့ဘူး..နင်မှတ်မိလား..တချိန်ကအဝေးကြီးမှာတောင် ငါ့တို့ဖုန်းတွေခဏခဏပြောခဲ့တာလေ..ငါခရီးတခုသွားတော့နင်ပြောတယ်၂ရက်စကားမပြောရတာ ရက်၂၀လောက်ကြာသလိုပဲနော်တဲ့..နင့်ပိုတဲ့စာတွေသိမ်းထားတယ်…
ငါပို့တဲ့စာတွေရော..ဟား ဟား.မြောင်းထဲမှာပေါ့ ဒါမှမဟုတ် အမှိုက်တောထဲမှာပေါ့..
Email တွေရော chat history တွေရေိာdelete လုပ်လို့ဝပြီလား..မနှစ်ကသင်္ကြန်က
ပိတောက်ပန်းကိုခြွေပြီးစာနဲ့ရောပို့ခဲ့တာသင်္ကြန်ကိုလွမ်းတယ်ဆိုတဲ့နင့်စကားတခွန်းထဲ
ကြောင့်ပါ...နင်ကသင်္ကြန်တိုင်းအိမ်မှာဆိုအခန်းထဲမှာပိတောက်ပန်းတွေဆင်ထားတယ်တဲ့..
နင့်ကိုဘာအတွက်နဲ့မှစိတ်ထိခိုက်မခံစေချင်ဘူး..နင်ကြိုက်တဲ့မင်းသမီးပုံနဲ့နင့်ပုံတွဲပြီး
နင့်ဒက်စတော့ပေါ်တင်ဖို့လုပ်ပေးတာနင်crazyဖြစ်တဲ့အရာတိုင်းကိုငါလိုက်ခံစားပေးမယ်
ဆိုတဲ့စိတ်တခုနဲ့ပါ..နင့်သူငယ်ချင်းတွေမကောင်းဘူးတဲ့နင်ပြောတော့ငါဘာမှမလုပ်ပေးနိုင်ပေမဲ့ နင့်နဲ့အဝေးမှာနင့်အတွက်အကောင်းဆုံးငါနေပေးခဲ့တယ်..
နင်မပို့ခိုင်းပေမဲ့နင်ပြောတဲ့အဆုံးထိမကြည့်ရတဲ့ရုပ်ရှင်ကိုရှာဖွေဖြတ်တောက်ပြီး ငါပို့ပေးခဲ့တယ်…နင့်ညီမတွေအကြောင်း။နင့်သူငယ်ချင်းတွေအကြောင်းပြောပြီး
နင်စိတ်မကောင်းဖြစ်တဲ့အခါ ငါ့စိတ်ညစ်စရာတွေသိမ်းထားပြီးမပြောဖြစ်ခဲ့ဘူး..
နင်စိတ်ရှုပ်မှာစိုးလို့ နင့်ကိုလွမ်းတဲ့အကြောင်းတွေတောင်ငါမပြောဖြစ်ခဲ့ဘူး**ရယ်..
နင့်ကိုနားလည်လွန်းလို့ငါ့အတွက်အချိန်သိပ်မပေးတဲ့နင့်ကို စောဒကတက်ဖို့ငါမကြိုးစားခဲ့ဘူး…
ငါပြောခဲ့ဖူးတဲ့(နင့်ကိုစွပ်စွဲခဲ့ဖူးတဲ့)တခါ၂ခါကငါခံစားခဲ့ရတဲ့အကြိမ်တွေရဲ့၁၀ပုံ၁ပုံပါဟာ
နေမကောင်းတုန်းကြေးအိုးတောင်လိုက်မတိုက်နိုင်တော့တဲ့ထိတော့နင့်ကိုနားလည်
မပေးတတ်တော့ဘူးလေ...ဒီအတွက်နင်ငါ့ကိုနားမလည်ဘူးလို့စွပ်စွဲတယ်....
ဂရုမစိုက်တာမဟုတ်ရပါဘူးလို့ငိုပြောတယ် …ဒါပေမဲ့၁ခါ၂ခါမကတော့ငါလည်း စိတ်ညစ်လာတယ် မြိုသိပ်နေခဲ့တာခုချိန်ထိ..နင်အပြစ်တွေပြောပြီးထားသွားတော့ငါငိုရုံကလွဲပြီး
ဘာမှမပြောဖြစ်ခဲ့ဘူး..
ငါကနားမလည်ဘူးတဲ့လား… ငါကနင့်ကိုအအိပ်ပျက်စေခဲ့တယ်လား..
ငါ့ကြောင့်နင်စာတွေမလိုက်နိုင်ခဲ့ဘူးတဲ့လား..နင်ဒီလောက်ငါ့ကိုနားလည်တာတောင်
ငါကနင့်ကိုစိတ်ကုန်စေတယ်တဲ့လား…ဒါဆိုငါကရောငါအိပ်ချိန်ကတစ်ညမှာ၃နာရီလောက်ပဲ
ရှိတယ်ဆိုတာနင်တကယ်မသိတာလား..နင့်ကြောင့်ငါ့အလုပ်တွေစာတွေမထိခိုက်ဘူးလား.. ငါ့မှာပတ်ဝန်းကျင်သူငယ်ချင်းဆိုတာမရှိတော့လောက်အောင်ကိုနင်တယောက်ထဲဆီမှာ
ငါ့စိတ်တွေပုံထားတာပါ..ဘယ်သူစကားမှနားမယောင်ပဲ နင်ပြောသမျှတွေပဲမွှန်ခဲ့တာပါ..
မိဘတွေစကားထက်နင့်စကားကိုပဲနားထောင်ခဲ့တာပါ..ငါ့ရဲ့အဆင်မပြေလှတဲ့ပြသာနာ
တွေကိုနင့်စကားတွေနဲ့မေ့ဖျောက်ထားခဲ့တာပါ..နင့်အတွက်ပဲအရာရာစဉ်းစားခဲ့တာပါ…
နင်စိတ်ဝင်စားတယ်ဆိုတဲ့ကိစတွေပြောပြဖို့ငါစိတ်မ၀င်စားတောင်ကြိုးစားပြီး
မှတ်သားထားခဲ့တယ်..ငါဂျီတော့ကိုရောက်မလာရင်ဖုန်းဆက်ပြီးစိတ်ပူတတ်တဲ့ နင့်ကြောင့်အိမ်မှာအင်တာနက်အကောင့်ကုန်သွားရင်ငါကျူရှင်လခထဲကခိုးသုံးခဲ့တယ်
တွေးကြည့်ပါဦးငါတို့တွေအရမ်းချစ်ခဲ့တာတော့နင်မငြင်းသင့်ပါဘူး..ခုမိုးရာသီဆို
ငါအရင်နေ့တွေကိုတအားလွမ်းတယ်…မိုးရွာထဲထီးမပါဘဲလျှောက်မသွားဖို့
နင်အရင်လိုမှာပါဦးလား…နေကောင်းအောင်နေဖို့နင်အရင်လိုစိတ်ပူပါဦးလား..
ငါသတိရလွန်းလို့နင်ဖုန်းဆက်အောင်ရစ်မိတဲ့အခါ အရင်လိုပဲငါ့ကိုချော့ပါဦးလားဟာ
အရင်ကငါ့ကြောင့်နင်ကျဖူးတဲ့မျက်ရည်တွေကခုငါကျတဲ့မျက်ရည်လောက်မပူပြင်းခဲ့တာ
အမှန်ပဲနော်..ငါသိတာပေါ့..နင်ဘယ်လောက်ချစ်တာလည်းငါသိခဲ့တယ်
နင်ဂရုစိုက်တာတွေလည်းငါသိခဲ့တယ်..နင်အကြောင်းပြချက်မရှိထားသွားတာလည်း
ငါသိခဲ့တယ်(စိတ်ကုန်ရုံသက်သက်နဲ့အဆက်အသွယ်ဖြတ်တာကိုonlineမရတာလို့
ပြောတလည်းငါသိခဲ့ပါတယ်ဟာ)

အခု ငါတို့တမိုးထဲအောက်မှာရှိနေပေမဲ့ အရင်ကလိုတောင်မနွေးထွေးကြတော့ဘူး..
ငါစောစောကဖုန်းဆက်တယ်…နင့်အသံကတယောက်ယောက်ဖုန်းကိုစောင့်နေသလိုပဲ
ငါပြန်ချလိုက်ပါတယ်..နင်ဘယ်သူနဲ့များဇာတ်လမ်းတွေရှိနေပြီလဲ..ခုလိုမိုးရွာရင်
ငါသေတာပဲကောင်းတယ်လို့တောင်တွေးမိတယ်..စာတွေကျက်လို့မရလည်း နင်ရှိနေမှဖြစ်မယ်လို့တွေးမိတယ်….သူငယ်ချင်းတွေကိုပြောပြချင်လည်း
နင့်ကိုမုန်းကြလိမ့်မယ်.ငါတယောက်ထဲခံစားရတယ်ပင်ပန်းလွန်းတယ်**ရယ်…
နင်ပြောတဲ့စကားကိုအစောကြီးကတည်းကနားထောင်ခဲ့မိရင်လည်းကောင်းသား
ငါကအစွဲအလန်းကြီးတယ်နော်အစွဲအလန်းသိပ်မထားရဘူးတဲ့ငါနားထောင်ခဲ့သင့်တာပေါ့နော်
ခုမှတော့ငါဘာလုပ်လို့ရမှာတုန်း..ငါစာတွေကျက်ရဦးမယ်..ငါရည်မှန်းချက်ကို
ငါအကောင်အထည်ဖော်ရဦးမယ် ဒီအချိန်မှာအရင်လိုဆိုးတိုင်ပင်ကောင်းတိုင်ပင်
ရှိကြရင်သိပ်ကောင်းမှာပဲ…ဟင်း..ထားလိုက်ပါတော့ဟာအချိန်ကကုစားသွားမယ်တဲ့
ခုထိတော့ငါ့စိတ်တွေနည်းနည်းတောင်မကုန်သေးဘူး..နင်ခုယုံပြီလားဟင်..
အရင်ကနင်ငါ့ကိုစွပ်စွဲတယ်ငါကနင့်ကိုစိတ်ကုန်နေပါပြီဆိုပြီး…
နင့်ကိုငါစိတ်ကုန်သွားမှာပါဆိုပြီး လက်တွေ့ဘယ်သူကစိတ်ကုန်သွားတာလဲဘယ်သူက### နင်သိပြါ့ပီနော်..ငါလည်းသိပြါ့ပီ..ငါကအစစ်တွေကြီးပဲရခဲ့တာပါပဲဒါပေမဲ့ခဏပဲငှားခဲ့ရတာ အပိုင်မရခဲ့ဘူး…ဒီလိုသာကြိုသိရင်ငါအတုတွေပဲလိုချင်ခဲ့ပါတယ်ဟာ..
အတုတွေကိုလည်းငါမက်မောစွဲလန်းခဲ့မှာမဟုတ်ခဲ့သလို…အတုတွေပျောက်သွားလည်း
ငါဝမ်းနည်းမှာမဟုတ်ဘူးလေ..ခုတော့ ငါ့ကိုငါပဲအပြစ်တင်ပါတယ်….
ဝဌ်ရှိသမျှလည်းကျေပါစေ….
 
posted by EMS at 1:11 PM |
03 May 2007
Is she your girl friend? so cute.. aha ha ha













 
posted by EMS at 2:49 PM |
သီချင်းအသစ်တပုဒ်

မိုးစက်တွေမြေမှာ ပြန့်ကျဲ လွမ်းညနေဒီရာသီထဲမှာ အမှတ်တမဲ့နဲ့ပြန်ဆုံခဲ့ဖူးတယ် ဘယ်မေ့နိုင်မလဲအံသြခြင်းနဲ့ရုတ်တရက်ပဲ
ပန်းပွင့်သဏာန့်နဲ့ကြည်ပြာရောင်နှုတ်ခမ်း
မင်းစကားသံငါလေပြန်ကြားယောင်တဲ့ညတွေအကြိမ်ကြိမ်လည်ပတ်ခဲ့
မျှော်လင့်စွာနဲ့စောင့်စားရင်းနဲ့ရှိနေခဲ့


ရိုးရိုးလေးချစ်ခဲ့ရတာငါလေကျေနပ်တယ်
အရိုးစင်းဆုံးအိမ်မက်တခုမှာငါလေနစ်မျော

ချစ်မိတော့လည်းငါယုံမှားမိခဲ့
အလွမ်းတွေပေးနေတဲ့ရောင်စုံမှတ်တမ်းလေးတွေ
ခုတော့မိုးတွေနဲ့အတူငါနေရစ်ခဲ့လည်း
ဒီရင်ခွင်ငြီးငွေခြင်းမှာမပျော်နိုင်တဲ့အခါ
အခုတော့သူစိမ်းဆန်တဲ့ရောင်စုံမှတ်တမ်းလေးအတွက်
ငါ့စိတ်မှာအမှတ်မထင်အံသြမိတယ်
အမှတ်တရမိုးတွေနဲ့အတူတိမ်တိုက်အပြည့်နဲ့
ရွာနေပြီငါ့မျက်ဝန်းမှာမစဲနိုင်မိုးတွေ ဆင်းသက်ဆဲ

 
posted by EMS at 1:54 PM |
02 May 2007
ချစ်သုဝေ

မွန်းကြပ်မှုတွေရင်မှာအပြည့်နဲ့ ငါ့ရဲ့အသည်းဟာနာနေခဲ့
လွတ်လပ်မှုအပြည့်မရှိတဲ့ဘ၀မှာ ငါဘယ်ပျော်နိုင်မလဲ
ငြိမ်းချမ်းမှုတွေယူဆောင်ပေးလဲငါရဲ့ဘ၀ဟာ အရင်ပုံအတိုင်းပဲ
ငါ့စိတ်မရှိတဲ့ဝိဥာဉ်အတွက်နဲ့ငါဘယ်လိုရင်ခုန်မလဲ
လေးဘက်လေးလံနံရံကြီးထဲငါ့စိတ်တွေပူနေလဲ
မင်းမျက်လုံးထဲကစကားလုံးများအတွက်
ရင်ခွင်မှမွတ်သိပ် မင်းရဲ့အချစ်မှာငါသာရူး
ငါ့စိတ်ငါ့ဘ၀ဘေးမဲ့လွတ်ရာမျှော်လင့်လို့ကမထူး

မဆုံးသောသံသရာထဲ တမ်းတတွေဝေလည်း
ငါ့ညတွေရှည်နေဆဲ အနားမှာမင်းရှိမှမရှိပဲ
စကားလုံးတွေငြိမ်သက်ဆဲ ငါ့အချစ်တွေရှင်သန်မြဲ
အတွေးများစွာယိုင်ကာလဲ အနားမှာမင်းမရှိခဲ့ဘူး...

စိတ်ရဲ့လှိုင်းတွေချောင်မှာပိတ်ခဲ့
တင်းကျပ်မှုတွေဒီရင်မှာစူး လွတ်မြောက်ဖို့အတွက်
စဉ်းစားမရတဲ့ ပုံစံခွက်လေးထဲ
ပန်းပွင့်လေးတွေရင်မှာလန်းမဲ့ မင်းရဲ့စကားတွေမှာသာမူး
ရုန်းလို့မရတဲ့အချစ်ရှုပ်များကြားထဲ
မျှော်လင့်လို့ကတော့မထူး

 
posted by EMS at 6:06 PM |
01 May 2007
ဒီနေ့ မထင်မှတ်ပဲသူငယ်ချင်းတယောက် emsကြောင့်အရမ်း
စိတ်အနှောက်အယှက်ဖြစ်ပြီး
Ems ကိုအရင်လိုခင်တော့မှမဟုတ်ဘူးလို့
့အပြောခံလိုက်ရတယ်..တကယ်ဆိုအားလုံးemsမှားတာပါ..
ဘာမှဟုတ်တဲ့စကားတခွန်းကိုနားလည်မှုတွေလွဲပြီး
၂ရက်လောက်အဆက်အသွယ်ဖြတ်ပြီး
ရှောင်သလိုဖြစ်သွားတယ်
တကယ်ဆိုဘယ်သူ့ကိုမှစကားပြောချင်စိတ်ကိုမရှိတာပါ

စတုန်းကအရမ်းစိတ်မကောင်းဖြစ်ပြီးကိုယ့်ကိုကိုယ်စိတ်ပျက်သွားမိတာပါ..
ပြီးတော့..ငါ့ကိုပြောရက်တယ်ဆိုပြီး
သူကိုနည်းနည်းစိတ်ခုသွားမိပါတယ်..
အဲဒါကြောင့်လည်း ဘာလုပ်ရမှန်းမသိဘဲ ကိစတခုကိုမရှင်းပဲေ၇ှာင်မိတယ်..

ခုမှ ငါနားလည်မှုများလွဲသွားလားဆိုပြီး ဖုန်းဆက်တဲ့အခါတခါမှ
အဲဒီလိုလုပ်တာမခံရဖူးဘူး..စိတ်နာသွားတယ်တဲ

ems ကသေချာပါတယ်..သူ့ကိုမုန်းလို့မဟုတ်ပါဘူး..ကိုယ်စိတ်ခုသွားတဲ့ကိစကို
ကိုယ့်စိတ်ကိုကိုယ်ငြိမ်အောင်ဘယ်သူနဲ့မှ
ှစကားမပြောချင်တာပါ..
ဘယ်သူနဲ့မှလည်းအဆက်အသွယ်ကိုမလုပ်ခဲ့ပါဘူး..ဟုတ်ပါတယ်
emsတကိုယ်ကောင်းဆန်မိပါတယ်
ပထမဆုံးနဲ့နောက်ဆုံး
နားလည်ပေး
ဖို့တောင်မဖြစ်နိုင်ဘူးလား..တောင်းပန်ပါတယ်
ems တကယ်မှားတာပါ..
အဲလိုမလုပ်သင့်ပါဘူးဒါပေမဲ့သေချာတာ
အရမ်းစိတ်ဆိုးလို့မဟုတ်ပါဘူး.
Ems ကစိတ်မဆိုးတတ်ပါဘူး..
စိတ်မကောင်းဖြစ်ပြီးဘယ်သူနဲ့မှစကားမပြောချင်ရုံသက်သက်ပါ..
တောင်းပန်ပါတယ် တောင်းပန်ပါတယ်တောင်းပန်ပါတယ်
စိတ်မနာပါနဲ့.မခေါ်ချင်လည်းနေပါ..emsသူငယ်ချင်းတွေကိုemsကြောင့်တင်မကဘူး..
ဘယ်သူကြောင့်မှ
Ems သူငယ်ချင်းတွေကိုစိတ်မညစ်စေချင်ဘူး.
.စိတ်မရှုပ်စေချင်ဘူး..မငိုစေချင်ဘူး..

ဘယ်သူ့ကိုမှငေးမောကြည့်နေတာမျိုးမဖြစ်စေချင်ဘူး..
အားလုံးအဆင်ပြေပြီးပျော်နေတာပဲမြင်ချင်တယ်..

သူတို့ချစ်တဲ့သူတွေနဲ့လည်းအဆင်ပြေစေချင်တယ်..ဘာကိုမှမခံစားစေချင်ဘူး..
Emsကိုမခင်ရင်လည်းနေနိုင်ပါတယ်..ems ချစ်တဲ့သူတွေအားလုံးကိုတော့emsမျက်စိရှေ့မှာ
အဲလိုပဲဖြစ်စေချင်တယ်..
ရှိခဲ့ပါတယ်..ems သူငယ်ချင်းတွေ ..ems ကိုအလိုရှိမှသတိရပြီး တခြားသူတွေနဲ့ပျော်နေတဲ့သူငယ်ချင်းတွေ..
အဲလိုသူငယ်ချင်းတွေပျော်နေတာမြင်တာစိတ်ချမ်းသာပါတယ်..
တခါတခါတော့ကိုယ့်ကိုသူတို့အပေါ်ချစ်သလိုချစ်စေချင်တယ်..
နောက်ပိုင်းတော့ ဘယ်သူ့အပေါ်မှဘာမှမျှော်လင့်ချက်မထားတော့ပါဘူး..ဒီလိုပါပဲဆိုပြီး ဖြေနေခဲ့တာကြာပါပြီ.
ခုလည်းems နေတတ်အောင်နေလိုက်ပါမယ်..သူငယ်ချင်းတယောက်ဆုံးရှုံးဖို့ဆိုတာ
တော်ရုံတန်ရုံ emsမစဉ်းစားခဲ့ဖူးပါဘူး..
မထင်မှတ်ပဲဆုံးရှုံးရတော့မှာပေါ့
ဘယ်လိုပဲဖြစ်ဖြစ်..တောင်းပန်ပါတယ်
အားလုံး emsအမှားပါ..
မခေါ်ချင်နေပါမခင်ချင်လည်းနေပါ...
စိတ်နာအောင်လုပ်မိတာတောင်းပန်ပါတယ်..စိတ်မနာပါနဲ့


 
posted by EMS at 6:40 PM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????