30 July 2007
ဒီနေ့ကစပြီးတယောက်ထဲ နေတတ်အောင်ကြိုးစားရတော့မယ် ထင်တယ်..
အဖေနဲ့အမေကိုဘာမှမပြောပြတတ်တော့အိမ်မှာဆိုလည်းတယောက်ထဲပါပဲ..
အဝေးကအစ်ကိုအမတွေနဲ့လည်းပြသာနာကြီးကြီးကျယ်ကျယ်ကလွဲပြီးစကား
သိပ်မပြောကြဘူး....
ကိစရှိတိုင်းတိုင်ပင်နေကြစိတ်ညစ်တိုင်းပြောပြနေကြသူတွေနဲ့လည်း
ခွဲရတော့မယ်ထင်တယ်..
ခုချိန်ကစပြီးကြိုးစားပါမယ်…စိတ်ညစ်တာတွေကိုတယောက်ထဲသိမ်းထားဖို့ကြိုးစားပါမယ်..
ပျော်တယ်ဆိုတာမရှိသလို..မပျော်ဘူးဆိုတာလည်းမရှိအောင်ကြိုးစားနေရမယ်
စာတွေကျက်လို့မရလည်းငါကလွဲရင်ဘယ်သူမှဘာမှမကယ်နိုင်ဘူးဆိုတာ
သိထားပါမယ်..အဖော်တယောက်ယောက်ရှိဖို့လိုလည်း သတိရနေရုံပေါ့…
ကိုယ့်မိသားစုတွေတောင်ကိုယ့်နားမှာမနေနိုင်တာပဲ..
တယောက်ယောက်ပြောပြဖူးသလို….သံယောဇဉ်မကြီးတတ်အောင်နေပါမယ်
အစ်မရင်းထက်အိမွန်စိုးအပေါ်ကောင်းနိုင်မှာမဟုတ်ဘူး…..
အစ်မတို့ကိုလည်းသံယောဇဉ်သိပ်မထားနဲ့လို့ပြောဖူးတဲ့အစ်မတို့ကိုလည်း
ကြိုးစားပြီးသံယောဇဉ်လျော့ထားကြည့်ပါ့မယ်...
ဖြစ်နိုင်ရင်သေချင်တာပဲ..လူဖြစ်လာမှာတော့သေနေ့မစေ့ခင်ထိတော့ဝဌ်ခံရမှာပေါ့
အားလုံးကိုစိတ်လျော့ထားလိုက်ပါတယ်……အရမ်းစိတ်ညစ်နေတယ်…
ဘယ်သူ့ကိုမှလည်းမပြောချင်တော့ဘူး....
ဘယ်သူတွေမှလည်းကိုယ့်ကိုနားလည်နိုင်မယ်မထင်ဘူး
စိတ်ထဲမှာမထားတတ်ပဲတယောက်ယောက်ကိုပြောပြလိုက်မှကျေနပ်တဲ့
ems ကဘယ်သူမှမရှိပဲနေဖို့ဆိုတာဖြစ်နိုင်ပါ့မလား..
Emsချစ်တဲ့တယောက်ယောက်တော့emsကိုနားလည်အားပေး
နေနိုင်ရင်သိပ်ကောင်းမှာပဲ

ဒီလိုရေးလိုက်တော့လည်းစိတ်ထဲမှာပေါ့သွားတယ်...တခုတော့အားနာတယ်..
တခြားblogတွေကနေlinkရှိလို့အမှတ်တမဲ့ရောက်လာကြတဲ့သူတွေရှိရင်
တောင်းပန်ပါတယ်..
Ems ရဲ့ကိုယ်ရေးကိုယ်တာ blog မို့လို့အားနာပါတယ်..
Ems နဲ့ပတ်သက်တဲ့သူတွေအတွက်မို့လို့ပါ…
နားလည်ပေးကြပါ..
အမြဲတမ်းစိတ်ညစ်နေတတ်ပြီး..ကိုယ်သံယောဇဉ်ရှိတဲ့သူတွေကလွဲရင်ဘယ်သူ့ကိုမှ
ဂရုမစိုက်တတ်လို့ရေးချင်တာတွေရေးမိတယ်ပဲသဘောထားပေးပါ..
ဘယ်သူ့ကိုမှဂရုမစိုက်ချင်လို့ပါ..
ဘာတွေမှန်းမသိဘူး..blog လုပ်ပြီးလျှောက်ရေးနေတယ်လို့ထင်ချင်လည်းထင်ပါ
အရင်ကတော့သူငယ်ချင်းတွေလိုချင်လို့ blog လုပ်ခဲ့တာဝန်ခံပါတယ်..
ကိုယ့် blog ကိုသူများတွေလာကြည့်လို့အားနာစရာဖြစ်မှာစိုးရိမ်ခဲ့ပါတယ်..
ခု အဲဒီစိတ်ကူးပြောင်းသွားပြီ…ဘယ်သူ့ကိုမှဂရုမစိုက်ချင်တော့ဘူး..
အဲဒါကြောင့် အမှတ်တမဲ့ ရောက်လာတဲ့သူတွေကိုတောင်းပန်ပါတယ်..
ကိုယ်ရေးကိုယ်တာတွေဖြစ်နေတဲ့အတွက်အားနာရပါတယ်..
Ems’ diary ဆိုလည်းမမှားပါဘူး..
ဖတ်စေချင်တာ ems ချစ်တဲ့သူတွေကိုပါပဲ..
 
posted by Anonymous at 11:12 AM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????