30 July 2007
ဒီနေ့အစ်မတို့အိမ်ကကားမောင်းတဲ့ အစ်ကိုကြီးနဲ့တွေ့တယ်..

အစ်မအမေကိုလည်းတွေ့ခဲ့တယ်…

ဒီလိုမျိုးတွေရေးတာအစ်မကြိုက်မှာမဟုတ်ဘူးနော်..
ကိုယ့်ကိစတွေတခြားသူတွေကိုမသိစေချင်ဘူးလေ..ဟုတ်တယ်မလား.
ဒါပေမဲ့အစ်မမှန်းဘယ်သူမှမသိပါဘူးအစ်မရယ်..
ဒါ ems’s blog ပဲလေ..ems ပတ်သက်တဲ့သူတွေအကြောင်းပါတာမဆန်းပါဘူး..
တကယ်ဆိုဒီဘလောခ်ကို Personal blog အဖြစ်ပဲထားထားပါတယ်..
အရင်ကတည်းကကိုယ်လုပ်ချင်လို့လုပ်ခဲ့တာပဲ..ဘယ်သူ့ကိုမှဂရုမစိုက်ဘူး…
ကိုယ်ရေးချင်တာရေးချင်တယ်..ဘယ်သူကမှတော့တားမနေပါဘူး..
ဒါပေမဲ့ အရင်ကတော့တခြားသူတွေလာလည်တော့
ကိုယ့်ခံစားချက်တွေရေးရတာအားနာတယ်..ခု..ဘယ်သူ့ကိုမှဂရုမစိုက်ချင်တော့ဘူး..

Ems ဂရုစိုက်မဲ့သူလောကကြီးမှာ ၇ယောက်ပဲရှိတော့မယ်..
အဲဒီထဲမှာ အစ်မရှိသေးတယ်နော်သိလား..
အစ်မဘယ်မှာလဲမသိဘူး….
အစ်မဘာတွေလုပ်နေမလဲမသိဘူး..
အစ်မပျော်နေမလားလဲမသိဘူး..
ဘယ်သူတွေနဲ့ဘယ်လိုအရမ်းခင်နေကြမလဲမသိဘူး..
ဘယ်သူတွေကိုညီမလေးလိုဂရုစိုက်နေမလဲမသိဘူး..
သိတာကတော့ ..ဘယ်တော့မှ ems ကိုဂရုစိုက်တော့မှာမဟုတ်ဘူး..
Ems အကြောင်းတွေးရင် စိတ်ကုန်စိတ်ပျက်တာတွေပဲရှိနေမှာ..

စိတ်မကောင်းဘူး..ems အများကြီးဆိုးခဲ့ပါလိမ့်မယ်..
ဒါပေမဲ့ ems အစ်မလောက်ဘယ်သူကိုမှဂရုမစိုက်ခဲ့ဘူး..
Ems ကိုလည်းအစ်မလောက် ဂရုစိုက်တဲ့သူမရှိခဲ့ဘူး..
အဲဒီတော့ ems ဘယ်သူ့ကိုမှအစ်မလောက် မလိုချင်ခဲ့ဘူး..

ဒီနေ့ အစ်မတို့အိမ်က ကားမောင်းတဲ့အစ်ကိုကြီးနဲ့တွေ့ခဲ့တယ်..
စကားပြောခဲ့တယ်..
ယောကျာင်္းလေးတွေကိုစကားသွားပြောဖို့ဆို အသိယောကျာင်္းလေးတွေတောင်
ရှောင်သွားတတ်တဲ့emsကအစ်မအကြောင်းသိချင်လို့
အဲဒီအစ်ကိုကြီးကိုစကားသွားပြောခဲ့တယ်..

အစ်မပြန်သွားပြီတဲ့..ထင်နေတာတော့ကြာပါပြီ..
အတိအကျသိလိုက်ရတာပေါ့..
နေ့တိုင်းအိမ်ကိုဖုန်းဆက်တယ်တဲ့..
Ems အိမ်ကတယ်လီဖုန်းကတော့ oversea call မလာတာကြာပြီအစ်မရယ်..
သတိလုံးဝမရဘူးလား..

Ems အမြဲတမ်းသတိရတယ်..အစ်မလိုအစ်မမျိုးနောက်ထပ်လည်းမတွေ့နိုင်ပါဘူး..
အစ်မကိုလည်းပြန်မလိုချင်တော့ပါဘူး….ems အတွက်နဲ့စိတ်မညစ်စေချင်ပါဘူး..
စိတ်မရှုပ်စေချင်ဘူး…အစ်မကိုပြန်ရမယ်ဆိုရင်တောင်emsထပ်ပြီးစိတ်ရှုပ်အောင်
လုပ်မိမှာကြောက်တယ်..အစ်မမမေ့ဘူးဆိုရင်ပြီးတာပါပဲ….
သတိရပါအစ်မရယ်…
ems အတွက်တဦးတည်းသောအစ်မဆိုတာမမေ့ပါစေနဲ့..
နေကောင်းအောင်နေနေပါနော်…
ချက်တင်းတွေမထိုင်တော့ဘူးလို့ပြောပေမဲ့အစ်မပျင်းရင်ဘယ်လိုလုပ်မလဲ..
ပျင်းချိန်တောင်မရအောင်စာတွေများလို့ပင်ပန်းနေမှာလား..
Ems နဲ့ပတ်သက်လို့ဘာကိုမှသတိမရတော့ဘူးလား
ဆိုးခဲ့တာတွေပဲသတိရပြီးကောင်းတာတွေကိုမေ့လိုက်တာလား..
သတိရပါ… Ems အမြဲတမ်းသတိရနေလို့ပါ..
တခါတလေလောက်ပဲဖြစ်ဖြစ်သတိရပါ..

သူငယ်ချင်းအသစ်တွေနဲ့ပျော်နေလား..
ရည်းစားတွေရောထားနေပြီလား..
တခါတလေအစ်မအကြောင်းတွေးမိရင်..ဘာလို့များအစ်မမိဘတွေစိတ်ချရတာလဲနော်
အစ်မကသူများတွေထက်ပိုပြီးသဘောကောင်းတော့..သူငယ်ချင်းတွေကအနိုင်ကျင့်ကြတယ်..
ရည်းစားရရင်ရော….အစ်မကိုအနိုင်ကျင့်ရင်ဘယ်လိုလုပ်မလဲ..

အဆင်မပြေပေမဲ့လည်း အဆင်ပြေအောင်နေတတ်တဲ့အစ်မကိုတခါတလေလည်းစိတ်မချဘူး
အဆင်ပြေနေပေမဲ့စိတ်ညစ်စရာတွေလျှောက်လျှောက်တွေးတတ်တဲ့
အစ်မကိုစိတ်မညစ်စေချင်ဘူး...ပျော်ပျော်နေပေမဲ့ စိတ်ထဲမှာပဲထားပြီး
ဖွင့်မပြောတတ်တဲ့အစ်မကိုတယောက်ထဲငိုနေမှာကိုစိုးရိမ်တယ်...
အားလုံးကိုရီရီမောမောနဲ့မကောင်းတဲ့သူကိုတောင်အားနာနာပေါင်းတတ်တဲ့အစ်မကို
သူများတွေအနိုင်ကျင့်မှာစိုးရိမ်တယ်...
တိတ်တခိုးအချစ်ဆိုတာမျိုးတွေခံစားပြီးတယောက်ထဲစိတ်ညစ်နေမှာမျိုးတွေစိုးရိမ်တယ်
အိမ်ကိုလွမ်းလို့ငိုရတဲ့ရက်တွေကျော်ပြီး အပျော်လွန်နေမလားလို့လဲစိတ်ပူတယ်
အရာရာပျော်ပျော်နေတတ်တဲ့ပြီး တခါတခါတော့လူတွေကိုစိတ်ကုန်တဲ့
အကြောင်းတွေပြောတတ်တဲ့အစ်မကိုသတိရနေမှာပဲ…..
လူတွေမကောင်းကြောင်းတူတူပြောကြဖို့အခွင့်အရေးမရှိတော့ဘူး
မတွေ့ကြတော့ဘူးလား…….အားလုံးကိုမေ့လိုက်တာလား
ကြိုးကြာနဲ့စင်ဒီသီချင်းနားထောင်ရင်အစ်မကိုသတိရဆို…
အဲဒီသီချင်းတွေကြားရင်တောင် ညီမလေးကိုသတိမရတော့ဘူးလား

နည်းနည်းလေးတောင် ems ကိုသတိမရဘူးလား..အစ်မမရှိတော့ကတည်းက ems
ဘယ်လိုနေနေရမလဲဆိုတာစိတ်ညစ်တိုင်းသတိရတယ်.. အဆင်မပြေတာတွေ့တိုင်းသတိရတယ်..
ကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုစိတ်တိုတိုင်းသတိရတယ်..
စေတနာထားပေမဲ့အထင်လွဲခံရတာတွေကြုံတိုင်းသတိရတယ်
စာတွေမကျက်နိုင်တိုင်းသတိရတယ်
ငိုမိတဲ့အခါတိုင်းလည်းသတိရတယ်..
စာတွေကျက်လို့မရဘူး….လူတွေနဲ့စကားမပြောချင်ဘူး
မိဘတွေကိုလည်းအထင်လွဲနေတာမှန်းသိပေမဲ့ စကားမပြောချင်ဘူး
စိတ်ဓာတ်မကောင်းတဲ့သူတွေအကြောင်းပြောပြချင်လိုက်တာအစ်မရယ်
ဘယ်တော့မှစကားတွေပြန်ပြောဖြစ်ကြမှာလဲ
သမီးတို့အရင်လိုလူတွေအကြောင်းပြောရင်း….ရီစရာတွေပြောကြဖို့မရှိတော့ဘူးလား

Email တချက်လောက်ပို့ပေးပါလားအစ်မရယ်…
သတိရပါတယ် ဆိုတာလောက်ပဲဖြစ်ဖြစ်ပေါ့…
ပိတ်လိုက်တဲ့ email account ကိုလည်းပို့လို့မရမှန်းသိပေမဲ့ပို့နေတုန်းပဲ..
ဘယ် account တွေသုံးနေခဲ့တာလဲ…
ဘယ် Gmail နဲ့ချက်တင်းတွေထိုင်နေတာလဲ..
ဘယ်သူတွေနဲ့အရမ်းခင်နေပြီလဲ..
လူတွေကိုအရမ်းအားမနာပါနဲ့နော်…
အရင်စိတ်ကုန်တဲ့အစ်မပတ်ဝန်းကျင်ကလူတွေနဲ့ဝေးပြီဆိုတော့ပျော်နေပြီလား..
အစ်မစိတ်ကုန်တဲ့သူထဲမှာပါခဲ့မယ်လို့မထင်ခဲ့ဘူးအစ်မရဲ့..
ဘာဖြစ်လို့လဲဆိုတော့..အစ်မစိတ်ကုန်အောင်ဘယ်တော့မှမလုပ်ဘူးလို့ယုံနေခဲ့လို့လေ
အစ်မအရမ်းစိတ်ကြီးသလိုပဲနော်…အရမ်းပြတ်သားသလိုပဲ..
အဲဒီလောက်အေးစက်စက်နိုင်မယ်လို့တော့မထင်ခဲ့တာအမှန်ပဲ..

Ems အတွက်ဘယ်သူနဲ့မှအစားထိုးလို့မရဘူးဆိုတာသိရဲ့သားနဲ့
Ems အတွက်မရှိရင်မဖြစ်လို့ပါဆိုတာသိရဲ့သားနဲ့
Ems ရည်းစားရရင်တောင် အစ်မလောက်သံယောဇဉ်ဖြစ်ပါ့မလားမသိဘူး..
ဘယ်သူနဲ့မှသိပ်အဆင်မပြေတတ်တဲ့ ems ကိုအစ်မမှစိတ်ကုန်ပြီဆိုရင်ဘယ်သူက ems အပေါ်စိတ်ရှည်နိုင်တော့မှာလဲ..

Ems ချစ်တဲ့သူတွေအကုန်လုံးကို ကိုယ်ချစ်သလိုကိုယ့်ကိုပြန်ချစ်တာလိုချင်တယ်..

Ems အမေက ems ထက် သူ့သားကိုပိုချစ်တယ်..
သူ့သားပြန်လာဖို့ကိုပဲမျှော်နေတယ်..ပြီးတော့..သူ့သမီးကြီးကိုအားကိုးတယ်..
သူ့သမီးကြီးအတွက်ဆို ems ကိုပဲအသုံးချရအသုံးချလိမ့်မယ်.
Emsကတော့နားလည်ပေးလိုက်ရတယ်..
သူ့သမီးကြီးပြောတဲ့စကားတချို့ကိုစိတ်ညစ်မှာစိုးလို့မပြောခဲ့ဘူး
သူအထင်ကြီးတဲ့သူ့သားကသူ့ထက်ချစ်ရမဲ့သူရှိနေတာကိုလည်းစိတ်ညစ်မှာစိုးလ
ို့သေသေချာချာမပြောပြခဲ့ဘူး..Emsအဖေကလည်းသူ့သားက
emsထက်ပိုချစ်တယ်..emsကိုပြောလို့မရလို့တဲ့ဆိုးတယ်တဲ့...
သိပ်မပြောချင်ဘူးတဲ့..အရမ်းလိမာတဲ့သူ့သားနဲ့သမီးကသူစိမ်းဖက်ပြီး
အဖေကိုအဆိုးမြင်နေတာတွေဘယ်သူ့ကိုမှမပြောခဲ့ဘူး..
Emsအစ်မကလည်းအဝေးမှာရှိတဲ့သူ့မောင်လေးကိုချစ်လိုက်ရတာ..ems ဆိုရင် မုန့်ဖိုးပေးရင်ပြီးပြီလို့ထင်နေခဲ့တာ
Ems ချစ်တဲ့ အစ်မကြီး၂ ယောက်ကလည်းပြောတယ်..
သူတို့ကိုအဲဒီလောက်မတွယ်တာပါနဲ့ သံယောဇဉ်မထားပါနဲ့
သူတို့လည်း ems အစ်မအရင်းထက်ဘယ်ပိုကောင်းနိုင်မလဲ တဲ့..
အစ်မအရင်းကတောင် သူတို့လောက်မကောင်းနိုင်တာဘယ်သိမလဲ..
မသိတော့ဘူး..ဘာမှမသိချင်တော့ပါဘူး..

အစ်မရယ်…email တချက်တောင်မပို့နိုင်တော့ဘူးလား..
အရင်လိုအစ်မမကြိုက်တာတွေမလုပ်တော့ပါဘူး..
အစ်မမကြိုက်သလိုမနေတော့ပါဘူး..
အစ်မထင်လို့လား…..ems အစ်မကိုမေ့သွားမှာပဲလို့
မထင်ပါနဲ့….ဘာလုပ်ရမှန်းမသိဘူး..

တခါတခါအသက်ရှင်ချင်စိတ်တောင်မရှိဘူး..
အရမ်းစိတ်ညစ်တယ်..
စိတ်ညစ်၇တိုင်း အစ်မသာရှိရင်လို့တွေးမိရင်ကိုယ့်ကိုကိုယ်မုန်းတယ်..
Ems အမှားတွေအများကြီးလုပ်မိခဲ့လား
တောင်းပန်ပါတယ်..တကယ်တောင်းပန်ပါတယ်..အဲဒါတွေအတွက်..
 
posted by Anonymous at 10:54 AM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????