28 April 2007
ကြောင်မို့လို့ပဲ..ဇိမ်ယူနေလိုက်တာ..
လူတောင် မနာလိုချင်စရာပဲ
 
posted by Anonymous at 3:06 PM |
လူ ၉ ယောက်ကို တွေ့ အောင်ရှာကြည့်
ems ကတော့ မတွေဘူး :(
 
posted by Anonymous at 2:29 PM |
အိမွန်စိုး အစ်မတယောက်ကလိုချင်တယ်ဆိုလို့ပါ..
သူများတွေလည်း တောင်းလို့ရတယ်နော် သီချင်းတွေ အခမဲ့ တင်ပေးတယ် :D

Sai Sai (ဖုတ်လှိုက် ဖုတ်လှိုက်)
 
posted by Anonymous at 11:44 AM |
27 April 2007
EMS ချစ်တဲ့ GaRfIeLd....


ကောင်မလေးလက်ထဲမှာ
ဖြစ်နေတဲ့ပုံကို ကြည့်ဦး :D































 
posted by Anonymous at 8:03 PM |
25 April 2007
မဟေမာက tag လုပ်တာနဲ့ရေးလိုက်တာပါ.. (၁၀)မျိုးတောင်မပြည့်ပါဘူး...
ကိုယ့်ကိုကိုယ်သိသလောက်တော့ရေးလိုက်တယ်..
သူငယ်ချင်းတွေကိုထပ်မေးကြည့်ပြီးနောက်မှ(၁၀)မျိုးပြည့်အောင်ဖြည့်ရမယ်

(၁) ပထဆုံးထူးဆန်းတဲ့အကျင့်ကတော့ သရဲကားကို အသံပိတ်ပြီးကြည့်တာ
(လိုအပ်ရင် တခွေလုံးကျော်ကျော်ပြီး ကြည့်သွားတယ်)

(၂) နောက်တခုက ဖားမြင်ရင် ရင်တုန်နေတာ တော်တော်နဲ့မပြေဘူး..
ဖားကိုကြည့်ရတာ ရွံစရာလည်းကောင်းတယ် ကြောက်စရာကြီး (မြွေလည်းပါတယ်)

(၃)ပြီးတော့သူငယ်ချင်းတွေကပြောတယ်မေ့တတ်တာများအိမွန်စိုးကိုဘယ်သူမှမမီဘူးတဲ့
"အော်မေ့ဂိုဏ်းချုပ်တဲ့" အိမွန်စိုးကိုတခုခုမှာပြီးရင်တစ်ပတ်လောက်ကအနည်းဆုံးစောင့်ရမယ်
မေးရင်လည်း"အော်မေ့သွားတယ်"ဆိုတာလက်သုံးစကားလေ....:P

(၄) သူငယ်ချင်းတွေပြောတယ်အိမွန်စိုးကြိုက်လိုက်ပြီဆိုရင်
မင်းသမီးဆိုလည်း မထုံတက်တေးနဲ့မထက်မြက်တဲ့ပုံတဲ့
မင်းသားဆိုလည်း ကျားကျားလျားလျားမဟုတ်ပဲ ဖြူဖြူနွဲ့နွဲ့တွေတဲ့
(ဟုတ်တော့ဟုတ်တယ်emsကအရမ်းထက်တဲ့ပုံပေါက်နေတဲ့ မင်းသမီးတွေဆိုလုံးဝမကြိုက်ဘူး
သူတို့ကိုကြည့်ရတာပူလောင်တယ်(ဥပမာ - ယွန်မီ)
ဟယ်ယွန် (Son Ye Jin)ကိုအရမ်းကြိုက်တယ်
ems ရဲ့ blog မှာ link ရှိတယ် ကြည့်ကြည့်..မျက်နှာလေးကအေးချမ်းတယ်အရမ်းပဲ...

(၅) ပြီးတော့ ems ကတော့လေစိတ်ဆိုးတဲ့သူတွေဆိုအမြဲလိုက်ချော့ရတယ်
ems သူငယ်ချင်းတွေအားလုံးက အကောက်တွေချည်းပဲ
လူတိုင်းကိုလိုက်ချော့ရပေမဲ့ ems ကစိတ်ဆိုးလို့မရဘူး
ems စိတ်ဆိုးရင်ဘယ်သူမှမချော့ဘူး..
အဲဒါတော့ ems ရဲ့ ထူးဆန်းတဲ့အမူအကျင့်မဟုတ်ဘူး..ထူးဆန်းတဲ့ သူငယ်ချင်းကံပေါ့ :P

စဉ်းစားလို့မရတော့ဘူး...ဒါပေမဲ့ ems လည်း tag လုပ်ချင်တယ်...

(၁) လင်းလက်
(၂) မယ်လိုဒီမောင်
(၃) မသဉ္ဇာ
(၄) ကိုမျက်လုံး

သူတို့ကိုtagပြီးကြပြီလားတောင်မသိဘူး....ရေးလိုက်ကြပါနော်...
ကိုယ့်ကိုကိုယ်စဉ်းစားပြီးရေးရတာပျော်စရာကောင်းပါတယ်
 
posted by Anonymous at 11:19 PM |
21 April 2007
 
posted by Anonymous at 9:44 PM |
20 April 2007
ReAlLy...... rEaLlY .......ReAlLy.....MiSs U......
 
posted by Anonymous at 10:56 PM |
19 April 2007
ဘာမှမဖြစ်ချင်ဘူး ..ဘာမှလာမပြောကြနဲ့..စိတ်လွတ်ကိုယ်လွတ်နေချင်လို့ပါ
စာမေးပွဲလား…သိတယ်….ဖိအားသိပ်မပေးနဲ့..
အဆိုင်းမင့်လား.. due date ထက် ၂ ရက်လောက်နောက်ကျလည်းရတယ်မလား….
အဆူခံရမယ်..ခံလိုက်မယ်..
ဒီထက်ဘာပိုပြီးဘာဖြစ်နိုင်လဲ….ခဏလောက်အားလုံးကိုမေ့ထားပါရစေ..
ဖြစ်နိုင်ရင်အဝေးကြီးကိုသွားချင်တယ်..
ဘယ်လောက်ဝေးလဲဆိုတော့…လူတွေလုံးဝမရှိတဲ့နေရာ…
တယောက်ကိုတော့ရှိစေချင်တယ်…သူရှိရင်ငါဘာမှမလိုတာသေချာတယ်
အရူး..ဟုတ်မှာပေါ့….ငါသူများထက်ထူးပြီးစွဲလန်းမိတာတော့အမှန်ပဲ…
မရှိတော့ဘူး..ဟုတ်တယ်..အခုသူမရှိတော့ဘူး….ဘယ်မှာလဲ..ငါမသိဘူး..
ငါနဲ့အဝေးဆုံး ငါမမြင်နိုင်မဲ့နေရာ မှာရှောင်နေမှာပေါ့..
ဟုတ်တယ်..ငါအပြစ်တွေအရမ်းများသွားတယ်….သိခဲ့ပေမဲ့ပြန်ပြင်လို့မရတော့ဘူး
ရိုးရိုးရှင်းရှင်းနဲ့သူ့အတွက် ငါအရှုပ်ထုပ်တွေအများကြီးလုပ်မိတယ်
တောင်းပန်ပါတယ်…..ပြတ်သားဖို့တော့ရဲရင့်လိုက်တာနော်..
အရင်က ငါစိတ်ဆိုးမှာကိုတော့သေအောင်ကြောက်တယ်ဆို..
စိတ်ကုန်တယ်….အင်းပေါ့…ငါကမကောင်းဘူး..
စိတ်ကုန်တာထက်..စိတ်ပျက်ဖို့တောင်ကောင်းတယ်
ဘာပဲဖြစ်ဖြစ်မမုန်းပါနဲ့…အမှားတွေထဲမှာအရမ်းသံယောဇဉ်ဖြစ်မိတာ အပြစ်မဟုတ်ဘူး
နင်ပျော်နေမှာပါ….ငါကတော့ (သတိရတိုင်းဖုန်းခလုတ်ကိုနှိပ်..ပြီးတော့ပြန်ချ)..
ကြာခဲ့ပြီပဲ..အားလုံးကတော့ရင်ထဲမှာအရင်အတိုင်းပဲ..
နင်မရှိကတည်းက ဘယ်သူကိုမှလည်းရင်မဖွင့်တတ်ခဲ့ဘူး
နင်မရှိကတည်းက ဘယ်သူကိုမှလည်းယုံယုံကြည်ကြည်မရှိခဲ့ဘူး
နင်မရှိတော့..ဘယ်သူမှလည်းငါ့ကိုနားမလည်ဘူး..
လူတွေကိုနားလည်ဖို့လိုက်ကြိုးစားနေရင်းပဲ တနေ့ထက်တနေ့ငါနင့်ကိုပဲသတိရတယ်
အချိန်မှန်အိပ်လိုက်စားလိုက်စာလုပ်လိုက်နဲ့ ပျော်ရွှင်ဖို့အချိန်ဆိုတာရှာမတွေ့ဘူး
သူငယ်ချင်းတွေနဲ့စကားပြောရရင်တော့ပျော်ပါရဲ့..ဒါပေမဲ့
ငါ့အကျင့်အတိုင်းလေ..ငါကိုငါ့လောက်မခင်ရင်..ငါမကျေနပ်ဘူးဆိုတာ~
ဘယ်သူကိုမှ အပေါ်ယံမခင်တတ်တော့..ခုထိငါ..ဘယ်သူကိုမှမကျေနပ်ဘူး..
နင်သိလား..ဘာလို့ငါခင်တဲ့ချစ်တဲ့သူတွေက ငါ့နဲ့သီးခြားဆီဖြစ်နေတာလည်း
နားလည်မှုဆိုတာကို ရှာဖွေလေခက်ခဲလေပဲ..
ဟုတ်မှာပါ..ငါ့ကိုနားအလည်နိုင်ဆုံးနင်ကတောင် နားမလည်တော့ပဲထွက်သွားပြီပဲ..
ငါဆိုးတာလား…နင်ပြောဖူးတာတော့…အစွဲအလန်းကြီးတယ်တဲ့..
ဟုတ်မယ်..ငါစွဲလန်းတဲ့အရာတွေအားလုံးကိုမေ့လို့ရချင်တယ်..
အရင်ဆုံး..နင့်ကို…ပြီးတော့..နင်နဲ့ပတ်သက်တာတွေကို
ပြီးတော့…ငါဘယ်လိုမှဖြေရှင်းဖို့မတတ်နိုင်တဲ့ အခက်အခဲတွေ
ပြီးတော့…လူတွေကိုယုံကြည်အားကိုးချင်နေတဲ့ငါ့စိတ်တွေ…
ပြီးတော့…ငါ့ကိုအမြင်မကြည်ကြတဲ့လူတွေရဲ့မျက်နှာတွေ
ပြီးတော့…ငါကချစ်ပါတယ်ခင်ပါတယ်ဆိုမှငါ့ကိုနားမလည်တဲ့လူတွေရဲ့စိတ်တွေ
အဲဒါတွေ..အားလုံးကိုငါစွဲလန်းနေတယ်..ငါမေ့ပစ်ချင်နေတယ်..
အားလုံးကိုမေ့ဖို့တခုခုလုပ်ဆိုလုပ်လိုက်ပါမယ်..
ငါ့ကိုယ်ငါပဲထိခိုက်ပါစေ….
 
posted by Anonymous at 8:56 PM |
18 April 2007
 
posted by Anonymous at 1:41 PM |
13 April 2007
တခါတလေ ဒီကာတွန်းလိုပဲဘာကိုမှမလုပ်တတ် တော့ရင်
ဘာ decision မှမချတတ်တော့ရင် F1 သာနှိပ်လိုက်ချင်တယ်
ဖြစ်ပြီးတဲ့ကိစတွေကိုလည်း Ctrl+z နဲ့ပြန်ခေါ်ချင်တယ်
လုံးဝမေ့ပစ်ချင်တာတွေလည်း Shift+del သာလုပ်လိုက်ချင်တယ်
မမြင်ချင်တဲ့အရာတွေလည်း minimize လုပ်ထားချင်တယ်
 
posted by Anonymous at 9:12 PM |
someone အတွက်သီချင်းတပုဒ်

Listen!
Only Love (Trademark)
----------------------------------------------------------------
2 a.m. and the rain is falling
Here we are at the crossroads once again

You're telling me you're so confused
You can't make up your mind
Is this meant to be.....You're asking me


(But only love can say try again or walk away
But I believe for you and me
The sun will shine one day
So I'll just play my part
And pray you'll have a change of heart
But I can't make you see it through
That's something only love can do
)

In your arms as the dawn is breaking
Face to face and a thousand miles apart
I've tried my best to make you see
There's hope beyond the pain
If we give enough, if we learn to trust
( )
I know if I could find the words
To touch you deep inside
You'd give our dream
just one more chance
Don't let this be our last good-bye

အရမ်းသတိရပါတယ်
ems blog ကိုဝင်ဖတ်တယ်ဆိုရင်သိမှာပါ
အမြဲတမ်းသတိရနေတယ်ဆိုတာ..တရက်မှမေ့မနေခဲ့ပါဘူး
အရင်လို ဒီသီချင်းကို ကြားတိုင်းမနေနိုင်အောင်သတိရပါတယ်
မေ့ထားသင့်တဲ့အချိန်မှာမေ့ထားပေမဲ့အရင်လိုပါပဲ...တိုက်ဆိုင်ရင်တော့သတိရပါ...
ems လိုလူမျိုး ထပ်တွေ့ ပြီဆိုရင်တော့မေ့လိုက်နိုင်ပါတယ်
 
posted by Anonymous at 8:32 PM |
B, Adams ရဲ့သီချင်းစာသားတခုပါ
တခုခုလုပ်လိုက်ရင်စိတ်ပြေလက်ပျောက်ဖြစ်မလားလို့
လုပ်လိုက်တာပါ
 
posted by Anonymous at 8:07 PM |
09 April 2007
ဖြူဖြူကျော်သိန်း
ချစ်သူအမုန်းကျိန်စာ














သူ့ album အသစ်ထဲကသီချင်း၂ပုဒ်ပါ..အကုန်လုံး copy တွေချည်းပဲ
နားထောင်လို့တော့ကောင်းပါတယ်

မသေနိုင်သော
အိမ်မက်ဆိုးကြီးလို (Underneath your clothes)
ဒီသီချင်းလေးတော့တော်တော်ကောင်းသလိုပါပဲ
နောက်ထပ်အလိုမရှိ
 
posted by Anonymous at 3:25 PM |
chatting က QQ တွေအတွက်ဒီကာတွန်းကသင်ခန်းစာပဲ

 
posted by Anonymous at 10:29 AM |
06 April 2007
Look me! Can you do like that?

 
posted by Anonymous at 11:37 AM |
Hi!...မင်္ဂလာပါ
 
posted by Anonymous at 11:28 AM |
05 April 2007
Look Into My Eyes, if You Can...

 
posted by Anonymous at 6:23 PM |

 
posted by Anonymous at 6:17 PM |
NEW SONG

ဘယ်သူတွေဆိုတာလဲတော့မသိဘူး..
Rap သီချင်းအေးအေးလေးပါပဲ..နားထောင်လို့ကောင်းတယ်

Listen!

(ချစ်နေတုန်းပဲလို့ရင်ထဲကပြောချင်ပေမဲ့
ငါ့စိတ်တုန်လှုပ်ခဲ့လို့ခေါင်းငုံကာဆောက်တည်ရာမဲ့
ဟိုဒီဒီရောက်လေရာလည်းမင်းပုံရိပ်ကိုမြင်ယောင်နေဆဲ
တခါတရံအလွမ်းနေ့များမှာ မင်းမရှိလည်းမင်းရဲ့လမ်းမှာ
အတိတ်ကိုတွေးရင်းအလွမ်းဖြေခဲ့တာ
ငါ့အချစ်ကအရင်လိုပါပဲ ပိုင်ဆိုင်ခွင့်မရခဲ့ရင်လည်း
မင်းရှေ့မှာငါပြုံးနေဆဲ
စိတ်ဓာတ်တွေအောက်ဆုံးထိကိုကျဆုံးနေခဲ့
မင်းမမြင်တဲ့ငါ့ရင်ထဲ မင်းတွေးသလို
မင်းတွေးသလိုငါ့ကိုမထင်ပါနဲ့)

မင်းသိသလိုမထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ
ယိုင်နဲ့သွားမဲ့အချစ်မဟုတ်ဘူး
ငါမင်းရဲ့အချစ်နဲ့အသက်ဆက်ချင်တဲ့သူ
 
posted by Anonymous at 3:36 PM |
04 April 2007
My Teacher

Ems ဆရာမတယောက်အကြောင်း ပြောပြချင်ပါတယ်။
ဆရာမတယောက်ဆိုတာဘာပဲဖြစ်ဖြစ်တပည့်တွေကိုကျောသားရင်သား
မခွဲခြားဖို့အရေးကြီးတယ်ထင်ပါတယ်။တကယ်လို့
ခွဲခြားချင်တယ်ဆိုရင်လည်းတော်ရုံတန်ရုံပေါ့ရှင်။
အဲဒီဆရာမကိုဆရာမဆိုတော့လည်း ems ကစော်ကားသလို
ဖြစ်မှာလည်းကြောက်ပါတယ်။စော်ကားတာတော့မဟုတ်ပါဘူး။
စိတ်ထဲမှာရှိတာကိုဖွင့်ချလိုက်တဲ့သဘောပါ။
စဉ်းစားကြည့်ကြပါ….
အဲဒီဆရာမကအရင်ကတည်းကယောကျာ်းလေးတပည့်တွေဆိုပိုချစ်ပါတယ်။
ဒါသဘာဝပါ။မိန်းခလေးတပည့်မတွေကိုဆရာတွေက
ပိုချစ်တာလည်းတူတူပါပဲ။ဒါပေမဲ့အဲဒီဆရာမကတော့
အစစအရာရာမှာပါခွဲခြားလွန်းပါတယ်။
ယောကျာင်္းလေးတွေဆိုစကားပြောတာဆူတာကအစမတူပါဘူး။
ကျားတွေကလည်းအဲဒီဆရာမဆိုရင်ချွဲကြတာများအခြောက်တွေတောင်
အဘခေါ်ရမယ်ထင်ပါရဲ့။ကြာလာတော့ ems တို့လည်း
တခုခုဆိုရင်သူ့ကိုမပြောချင်တော့ဘူးပေါ့။
သူကTraining Manager လေ။ တချို့ကိစတွေတော့လည်း
ထိပ်တိုက်တွေ့ရတော့တာပေါ့။
ကျားတွေကြီးစိုးနေတဲ့ကျောင်းလိုပါပဲ။ယောကျာင်္းလေးတွေများဆို
မျက်နှာသာပေးလိုက်တာ။ (ဘယ်ကဘာကျောင်းဆိုတာတော့မပြောလိုပါဘူး)
သိကုန်ကြမှာလေ။အခုလည်းဖြစ်တဲ့ကိစကိုစဉ်းစားကြည့်ပါ။

project လုပ်မယ်ဆိုတော့ project title တွေတောင်းပါတယ်။
အဲဒီအခါမှာemsတို့လည်းပထမတော့တခုစဉ်းစားပြီးတင်လိုက်ပါတယ်။
အားလုံးရဲ့ Title ကိုအတည်ပြုပြီးတဲ့အခါကြော်ငြာပါတယ်။
ဘယ် team ကဘာ title ဆိုပြီးတော့ပေါ့။
အဲဒီအခါ ems တို့လည်းလိုက်မှတ်ထားလိုက်ပါတယ်။
ဘယ်သူတွေဘာလုပ်မှာလဲဆိုပြီးနောက်တော့ ems တို့လုပ်မဲ့
system ကအဆင်မပြေတာနဲ့တခြားTitle တခုပြောင်းဖို့သွားပြောပါတယ်။
ပြောင်းလိုက်တဲ့ title ကလည်းဘယ်သူမှယူထားတာမရှိဘူးဆိုတာ
သေချာလို့ပြောင်းလိုက်တာပါ။သွားပြန်ပြောတုန်းကသူနဲ့(ဆရာမ) နဲ့၂ယောက်ထဲပြောခဲ့တာပါ။ဆရာမကလည်း OK ပေါ့၊

ဒါနဲ့ဒီနေ့ MOU တွေတင်တဲ့အခါတဖွဲ့ ကလည်း
ems တို့နဲ့ title ခြင်းတူနေပါတယ်။
သူတို့ကခုမှလာပြောတာပါ။(ဆရာမကို) ems တို့က MOU တောင်တင်ပြီးပါပြီ။
အဲဒါကို ဆရာမကဘာပြောလဲဆိုတော့ Ems တို့အရင်ဒီ
title လာပြောထားတာကိုပဲ
မသိသလိုခုမှ ems တို့ကပြောင်းချင်တဲ့ဟာပြောင်းပြီး MOU တင်သလိုလို။
(အင်းပေါ့လေပြောနိုင်မှာပေါ့သွားပြောတုန်းကဘယ်သူမှမှအနားမှာမရှိဘူးကိုး)
ems တို့နဲ့လာတူနေတယ်ဆိုတဲ့ teamကဆရာမအရမ်းချစ်တဲ့တပည့်သားလေးတွေပေါ့။
ဆရာမက“youဘယ်တုန်းကလာပြောတာလည်းသူတို့ပြောထားတာကြာနေပြီ”တဲ့။
ems တော်တော်စိတ်တိုသွားတယ်။ ဒီလောက်တော့
ဘက်လိုက်ဖို့မကောင်းဘူးပေါ့နော်။
တကယ်ဆို ems တကယ်သူတို့အဲဒီ title ယူထားတာမသိလို့
ပြောင်းမိတာဆိုလည်းသွားပြန်ပြောတုန်းကတခါတည်းပြောလေ။
ခုကျမှ------------------------------------------------
ဒါပေမဲ့ အမှန်ကိုသူရယ်ကိုယ်ရယ်သိတာပဲ။ ems ကတပည့်ပဲလေ။
လျော့ပေးလိုက်ပါတယ်။
project ဆိုတာကလည်းကိုယ်နိုင်တာလုပ်မှအမှတ်ရမှာကို။
ဘယ်သူကပြောင်းချင်မှာလဲ။ဒါနဲ့ပဲဆရာမကိုပြောလိုက်ပါတယ်
(နည်းနည်းတော့အသံမာသွားတယ်လို့သူငယ်ချင်းကတော့ပြောတယ်)
အဲဒါဆို teacher သမီးတို့ title ထပ်ပြောင်းပေးရမလားလို့
မေးလိုက်တော့ဆရာမက(နေနေ..ငါသူတို့ကိုပဲပြောလိုက်ပါမယ်) တဲ့
သူလည်းအမှန်သိတာပဲလေ။
အဲဒီလောက်တော့မလုပ်ရဲပါဘူး။...အဲဒါပါပဲ။

တမျိုးကြီးခံစားလိုက်ရလို့ချရေးလိုက်မိတာပါ။
တကယ်ဆိုသူလည်းတပည့်ကိုယ်လည်းတပည့်ပဲလေ။
အားလုံးကတပြေးညီပါပဲ။
မျက်နှာသာပေးတာကပေးပါ။စာနဲ့ပတ်သက်လာရင်တော့ဒီလောက်ထိတော့
မကောင်းဘူးလေ။ကဲ..သူအဲလိုဘက်လိုက်ပြီး
ems တို့က title ပြောင်းပေးလိုက်ရရင်
သူနဲ့ကိုယ်ကြားမှာတခုခုဖြစ်သွားမယ်။
အပေါ်ယံသာဆရာမနဲ့တပည့်ဆိုပေမဲ့သူမကောင်းတာကိုယ်သိသွားပြီ။
ems ကလည်းကိုယ်လုပ်ချင်တာမလုပ်ရပဲ ကျန်တဲ့ဟာလုပ်လိုက်ရတဲ့အတွက်
အမှတ်ကောင်းချင်မှလည်းကောင်းမယ်။
ဘာတွေဖြစ်လာမလဲဘယ်သူကသိမှာလဲ။
ဆရာမကိုညအိပ်ရာဝင်ရင်တော့တောင်းပန်ကန်တော့ပြီးအိပ်လိုက်ပါဦးမယ်။

ဆရာမကဆရာမပါပဲ။
 
posted by Anonymous at 4:16 PM |
03 April 2007
ကြယ်တံခွန် (ဖြိုးကြီး)
Listen!

~~တကြိမ်သာရောင်စဉ်တွေပေးပြီး ဘယ်ဆီကိုပြေး~~
~~မေရေ..အဝေးဆုံးဝေးပြီ..ဆွေးပြီ..ဆွေး...~~
~~ကြယ်တံခွန်အချစ်လေးရေ..အို..ဝေး~~
~~ပြန်ဆုံရာလမ်းဝေး..ဝေးပြီ~~

My Favourite Vocalist


 
posted by Anonymous at 12:45 PM |
02 April 2007
ဆင်ပေါက် + Big Bag (မင်းတယောက်ထဲ)
Listen!

~~ထူးထူးခြားခြားမင်းနဲ့ ရူးရူးမိုက်မိုက်ချစ်ခဲ့~~
~~ငါ့ရဲ့ဘ၀အားလုံးဟာ မင်းတယောက်ထဲပဲ ~~
~~ညှာတာစာနာပါဦးကွယ် နာကျင်အောင်မလုပ်နဲ့~~
 
posted by Anonymous at 2:48 PM |
Myanmar Graphic Art Show,2007

လက်ကမ်းစာစောင်ကပုံကို scan ဖတ်ပြီးတင်တာဆိုတော့
သိပ်တော့မကြည်ဘူး..အပြင်မှာတော့ တော်တော်မိုက်ပါတယ်
ဈေးတွေကလည်းမိုက်တယ်ရှင့်။ U$1500 ထိရှိတယ်။
စဉ်းစားနေတာ..ကိုယ်လည်းလုပ်ပြီးသွားတင်ထားရင်ကောင်းမလားမသိဘူး
:P
အောက်ကနေ "Not For Sale" လို့ရေးလိုက်မယ်လေ..
ဘယ်သူမှလည်းဝယ်မှာမှမဟုတ်တာ။


 
posted by Anonymous at 11:53 AM |
01 April 2007
NO! the girl band ရဲ့ သီချင်းသစ်လေးပါ...
VCD ကခုမှထွက်တာလေ.....မနည်းတင်လိုက်ရတာပါ
YGN မှာ youtube ကိုလည်း deny လိုက်ပြီလေ..:(

 
posted by Anonymous at 5:39 PM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????