21 March 2007
ယုံကြည်နေပါ...
Listen!

ငါ့ရင်ထဲကအချစ်တွေလည်းမင်းအတွက်တော့ဖြစ်နေခဲ့
မျှော်လင့်ခြင်းတို့ပျက်စီးကာအရာရာဆိတ်သုန်းသွားပြီပဲ
ကမ္ဘာတွေခြားလို့ဝေးနေလည်းငါလေသတိရလွမ်းနေဆဲ
ဟိုအရင်အတိတ်တို့ပြန်မရနိုင်ဖြေသိမ့်ရင်းနဲ့တစ်ယောက်ထဲ လွမ်းနေဆဲသိပ်ချစ်ခဲ့လည်းဝေးပြီ

ယုံကြည်နေပါကြင်နာသူရေအရင်လိုနေ့ရက်အချိန်တိုင်းမှာ
သိပ်ချစ်ခဲ့လို့မ၀နိုင်တာနင်တစ်ယောက်ထဲပါ
ဖြူစင်နေပါကြင်နာသူရေ
ကိုယ်တိုင်မင်းနားရှိတိုင်းမှာ ပေးဆပ်ရင်းနဲ့
လွမ်းနေတာကိုယ်တစ်ယောက်ထဲပါ
မင်းလေးကိုယ့်အတွက်အလင်းရောင်ပေး

ငါ့ရင်ကကောင်းကင်မှာမင်းလေးကကြယ်စင်ပဲ
ထားခဲ့တဲ့ကတိတွေကဘယ်တော့မှအရာဝင်မလဲ
ရင်ဘတ်ထဲသိမ်းမလောက်တဲ့မင်းအကြောင်းတွေ ဖွင့်အန်ခဲ့
ဒီလိုငါတဖြည်းဖြည်းနဲ့အချစ်နွံထဲနစ်ကျန်ခဲ့
ကြေမွခဲ့နှလုံးသားကမင်းချတဲ့သေဒဏ်နဲ့
မင်းထားတဲ့နေရာမှာပဲကျေနပ်ပြီနေကျန်ခဲ့
မင်းငါ့ကိုမကျေနပ်လည်းငါ့ဘ၀မှာနေတတ်ခဲ့
ဘာဖြစ်ဖြစ်မင်းအနားပဲရှိခွင့်ရရင်ကျေနပ်တယ်
မင်းကိုငါချစ်ခဲ့တာအကြောင်းပြချက်လုံးဝမရှိဘူး
ရင်ထဲမှာဟောင်းတာရောပြောင်းတာပါဘာမှမရှိဘူး
အတူရှိခဲ့အချိန်တွေကိုလွမ်းရတာ
ကြာလာလို့ အသက်မရှူသံငြိမ်နေသလို စမ်းမရပါ
အသစ်စက်စက်နှလုံးသားတောင် တစ်ခြမ်းကမာ
ရင်ထဲမှာမှန်းဆကာဆိုနေဆဲ
အဲ့ဒါမင်းကိုတမ်းတတာ
လာနေကြလမ်းကသာကြိုနေလှည့်
ဘာအတွက်မှငိုမနေနဲ့ငါ့အတွက်တော့
ပန်းတွေတောင်မင်းနှုတ်ခမ်းကချိုနေဆဲ

CHO:

မြင့်မားစွာဖြူစင်မှုနဲ့မင်းကိုငါချစ်ခဲ့တယ်
မင်းသွားတဲ့တစ်နှစ်ပြည့်တိုင်းလည်းမင်းကိုငါမေ့မရခဲ့
မင်းပုံရိပ်အိပ်မက်များနဲ့ညများစွာလဲပြိုကျ
မျှော်နေခြင်းမနက်ဖြန်များလည်း အရောင်တွေပျောက်လွင့်ပြယ်သွား
စိတ်ကူးလေးများထဲတောင်မင်းအနားပဲရှိချင်တာ
မင်းပါးလေးကိုအိပ်မက်ထဲခိုးခိုးပြီးနမ်းနေမှာ
ငါရေးတဲ့ကဗျာပေါင်းများစွာအချစ်စစ်ရဲ့သက်သေပါ
အိပ်မပျော်နိုင်ညများစွာလည်းကဗျာတွေနဲ့ အလွမ်းဖြေမှာ
ရင်ထဲမင်းအကြောင်းများလည်းအချိန်တွေရှိတိုင်းတွေးနေတာ
ဆွေးနေတာမင်းဖြတ်ခဲ့တဲ့စာတွေပြန်ဖတ်ရင်းနဲ့
ဒီလိုနဲ့ဒိုင်ယာရီမှာမင်းအကြောင်းအသက်သွင်းခဲ့
ယုံကြည်စွာမျှော်နေမှာတစ်ဖက်သတ်ချစ်ခြင်းနဲ့
 
posted by Anonymous at 12:00 PM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????