19 September 2007
Unknown Song (Listen)

ငါတကယ်ကိုသိပ်ချစ်မိလို့..မှားပြီကွာ..
ကြိုတင်သိထားခဲ့ရက်နဲ့..မင်းအချစ်များ..
ဟန်ဆောင်ပြီးပေးတဲ့အနမ်းတွေအသည်းမှာထားထားလို့
ဒီလိုပဲသတ်မှတ်လိုက်တယ်..ငါ့ဝဌ်ကြွေးပဲလို့..
ဟိုအရင်အတူလျှောက်ခဲ့ကြတဲ့လမ်းတွေမှာ..
ကျန်နေတယ်
.နှလုံးသားထဲကအငွေ့အသက်များ..
တကယ်ပဲသိပ်ချစ်ခဲ့တာမင်းသိထားရက်နဲ့..
ဘာလို့များထားခဲ့ရက်ထားလဲ..မတွေးတတ်ခဲ့လေတယ်..

 
posted by Anonymous at 11:32 AM |
MISS U









I MISS UR FACE
I MISS UR SMILE
I MISS UR WORDS
I MISS UR VOICE
I MISS UR NICK
I MISS UR CALL
I MISS UR SONG
AND
I MISS U SO MUCH

YOU CAN HEAR ME..
YOU CAN SEE ME..

PLS, CAN U COME BACK TO ME

 
posted by Anonymous at 11:08 AM |
To Whom It May Concern :)

Ems အမှားလုပ်မိပြန်ပြီထင်တယ်..
ကိုယ့်ကိုစိတ်ရှည်သည်းခံပေးနေတဲ့..အစ်မကိုစိတ်တိုအောင်လုပ်မိပြီလားမသိဘူး..
ဖုန်းလဲမဆက်ရဲဘူး
မမေးသင့်တာသွားမေးမိတယ်ထင်တယ်..
စိတ်မတိုပါနဲ့
Ma M ရယ်..နောက်မကြိုက်ရင်မမေးတော့ပါဘူး
Ems မှာသူငယ်ချင်းဆိုတာလက်ချိုးရေလို့ရပါတယ်..
အဲဒီထဲမှာ..emsကအရမ်းsensitiveဖြစ်တတ်တယ်..
ကိုယ့်ကိုကိုယ့်လောက်မှမခင်ရင်
ကိုယ့်ကိုကိုယ့်လောက်မှဂရုမစိုက်ရင်..
အရမ်းခံစားလွယ်တယ်

ဒါပေမဲ့..Ma Mပြောထားတဲ့စကားကိုမေ့သွားတယ်..
မျှော်လင့်ချက်တဆင့်ချထားရမယ်ဆိုတာကို

ဘာပဲဖြစ်ဖြစ်..အားလုံးထဲမှာ..စိတ်ရှည်သည်းခံပြီးemsအပေါ်ဂရုစိုက်ပေးတာကျေးဇူးပါ..
ကိုယ့်ကိုနားလည်စေချင်ပြီး..ကိုယ်ကတော့သူများတွေကိုနားမလည်ပေးနိုင်တာ..
မွေးရာပါအကျင့်လားမသိပါဘူး
.
တောင်းပန်ပါတယ်
စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ခဲ့မိတာရှိရင်..
အမြဲတမ်းတက်ကြွပြီး..သူများကိုနားလည်ပေးတတ်တဲ့အစ်မမျိုး
ဘယ်တော့မှစိတ်ညစ်အောင်လုပ်မှာမဟုတ်တဲ့အစ်မမျိုး..
သူငယ်ချင်းတွေအများကြီးထဲကemsကိုဂရုစိုက်နားလည်မှူပေးတဲ့အစ်မမျိုး
ကို
ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး..
Emsကိုနားမလည်နိုင်တော့ဘူးဆိုရင်တောင်
Emsကိုဂရုမစိုက်တော့ဘူးဆိုရင်တောင်
ဘယ်တော့မှမမေ့ပါဘူး

နည်းနည်းတော့ J ၀င်တတ်တာကိုနားလည်ပေးဖို့
တော်တော်ခက်မယ်ထင်တယ်နော်..ကျေးဇူးပါ..
ဘာပဲဖြစ်ဖြစ်ပေါ့..


မျှော်လင့်ချက်တဆင့်ချထားတယ်
လူတိုင်းသုံးတတ်တဲ့စကားတခွန်းကိုအလွယ်တကူယုံမထားပါဘူး..
နောက်ပိုင်း.နောက်ပိုင်းတွေမှာဘာတွေဖြစ်မလဲဆိုတာလဲတွေးမထားပါဘူး..
မျှော်လင့်ချက်တဆင့်ချထားတာထက်ကိုယ့်ကိုကိုယ်သိတာတခုရှိတယ်..
တချိန်ချိန်မှာအားလုံးကemsကိုစိတ်ကုန်သွားမှာပဲ..

Ems နဲ့ပတ်သက်တဲ့လူတိုင်းဒီစကားကိုမသုံးတဲ့သူမရှိဘူး..
ဆိုးတယ်..စိတ်ကုန်လိုက်တယ်..စိတ်ညစ်စရာကောင်းတယ..
တော်တော်ပိန်းတာပဲ
.စိတ်ကုန်တယ်ကွာ..
အဲလောက်မတွေးစမ်းပါနဲ့

ဒီလိုစကားတွေချည်းပြောပြီး..စိတ်ကုန်သွားတာ.
Emsချစ်တဲ့သူအားလုံးနည်းပါးပဲ
အဲဒီတော့..အများကြီးမမျှော်လင့်ပါဘူး..
Emsကလည်းဆင်ခြင်ပါ့မယ်
…ems့အပေါ်မှာလည်းနားလည်ပေးပါလို့
အဖော်လိုချင်ရုံသက်သက်နဲ့တော့တကူးတကစိတ်ထဲထည့်ခဲ့တာမဟုတ်ပါဘူး
လူတွေကိုဂရုမစိုက်ချင်တော့တာကြာပါပြီ..
အဲဒီထဲမှာမှဂရုစိုက်မိအောင်..အရမ်းလေးစားစရာ..ခင်စရာကောင်းတဲ့အစ်မမျိုးနဲ့တွေ့ခဲ့တာ..
အမြဲတမ်းဒီတိုင်းရှိနေပါစေ..အမှားတခုခုလုပ်ခဲ့မိ၇င်တောင်..
မမေ့ပါနဲ့..emsကကိုယ့်စိတ်ထဲကအတိုင်းပဲဆက်ဆံတတ်တယ်ဆိုတာကို

 
posted by Anonymous at 10:38 AM |
14 September 2007
လရောင်ဝေး (ကြိုးကြာ + စင်ဒီ)

နွေညရက်ရှည် တစ်ယောက်တည်းပဲ
တမ်းတမှုက မီးတောက်တစ်ခုကွယ် အချစ်ဆုံးရယ် ...
ဘ၀လေး ဆွေးငိုနေတုန်းကွယ်
လှလှပပ ဖျားတတ်ခဲ့ပြီ ကဗျာလေးရယ် ...
အထီးကျန် ဆည်းဆာချိန်များ တိုးဝင်မိုးတိမ်တိုက်များ
ရင်ခုန်သံ မမှန်ပါတယ် ဒါတွေ မင်းမသိတတ်တော့ကွယ်
ကာရန်မဲ့ညတွေ မှောင်လွန်းတယ်

မင်းရဲ့လက်နဲ့ တွန်း
ဖွင့်လိုက်ပါ အချစ်ဆုံးရယ် .
အိပ်မက်သစ်တွေ ကုန်ခန်းတယ်

တိုးတိုးတိတ်တိတ် မင်းပို့လိုက်တာ သိပ်လွမ်းတယ် ...

မင်းပုံရိပ် ခြေသံများ လိပ်ပြာလေးတွေရဲ့ကြား

ကိုယ်မြင်နေသလိုပဲ
ဒါတွေ မင်းမသိတတ်တော့ကွယ်

ကိုယ် ကြေကွဲရင်းနဲ့ လရောင်ဝေး ...
ကိုယ် မျှော်လင့်ထားရင်းလည်း

လရောင်ဝေး ...
နှလုံးသား ဆောင်းကြိုးညှိ ရာသီတွေ
ရေတွက်ထားရင်း အသက်ရှင်နေ

ကြင်နာသူလေးရေ ....
 
posted by Anonymous at 5:15 PM |
ဒါက အိမ်မက်တခုလား
သန်းခေါင်ယံညတိုင်း သံသယ၀င်တယ်
ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တိုင်း
ခေါင်းချည်းပဲခါတယ်
သူများကိုမေးကြည့်တော့လည်း ခေါင်းချည်းပဲခါတယ်
နင့်ရင်တခုလုံးရစရာမရှိအောင်ပဲ ဒါ အိမ်မက်လား တဲ့
သူငယ်ချင်းကပြောတယ်ကြယ်တွေကြည့်ရင်း
ကြည်ကြည်နူးနူးနဲ့ လွမ်းခဲ့ဖူးတယ်
လမရှိလည်း ငါ့အတွက်လင်းနေခဲ့တယ်
အချိန်တွေရှိလည်း ငါ့အတွက်မေ့နေခဲ့တယ်
နာရီတွေလည်တိုင်း အသက်တချက်ရှူတိုင်း
မင်းအသံ မင်းမျက်နှာ မင်းစကားတွေနဲ့
ရှင်သန်ခဲ့တာ
အဲဒါ..အရင်ကငါ့ညတွေပေါ့ ငါပိုင်ခဲ့တဲ့ညတွေပဲ

တယ်လီဖုန်းထဲက ပြောတယ်
ဘယ်တော့မှစိတ်မကုန်ဘူးတဲ့
တယ်လီဖုန်းထဲကပြောတယ်
စိတ်ပူလို့တဲ့ နေကောင်းအောင်နေတဲ့
တယ်လီဖုန်းထဲကပြောတယ်
စိတ်မဆိုးပါနဲ့ စိတ်လဲမကုန်ပါနဲ့တဲ့
တယ်လီဖုန်းကပဲ သီချင်းတွေဆိုပြတယ်..
အဲဒါ အရင်ကတယ်လီဖုန်းလေး
ငါပိုင်ခဲ့တဲ့တယ်လီဖုန်းလေး..
အသံမကြားတဲ့အခါတိုင်းခိုးခိုးကြည့်
သက်ပြင်းတွေချခဲ့ရတဲ့ ငါ့အခန်းထဲကတယ်လီဖုန်းလေ
နာရီကို ရှေ့ ၆ နာရီလောက်တိုးလှည့်ထား
မြန်မာစံတော်ချိန်ဆိုတာဘာလဲမသိ
Computer screen ကိုတညလုံးကြည့်တယ်
မိုးလင်းရင် အိပ်တယ်
သူများတွေပြောတာ နေ့နဲ့ညမှားနေတယ်တဲ့
အဲဒါ လွန်ခဲ့တဲ့ 2နှစ်က ငါရှင်သန်ခဲ့တဲ့ရက်တွေပေါ့..

လွန်ခဲ့တဲ့ ၁ နှစ်က
တယ်လီဖုန်းထဲကပြောတယ်
စိတ်ကုန်ပြီတဲ့
တယ်လီဖုန်းအသံမြည်တာလဲရပ်သွားတယ်
သက်ပြင်းချရတဲ့ညက ရက်ဆက်လာတယ်
တယ်လီဖုန်းထဲကိုငါပြန်ပြောတယ်
ငါကိုပြန်ခေါ်ပါ လို့
အဲဒီနောက်အဲဒီတယ်လီဖုန်း ဘာသံမှမကြားရတော့ဘူး

အပြင်မှာကြယ်တွေစုံသလောက်
ငါရင်တခုလုံးဟာနေတယ်
အပြင်မှာ လရှိလည်း ငါတယောက်ထဲမှောင်နေတယ်
အချိန်တွေလက်ချိုးရေနေတယ် အသက်တချက်ရှူတိုင်း
မျက်ရည်တစက်ကျသလို။။
မင်းစကား မင်းအသံ မင်းမျက်နှာတွေ
မျက်စိလွှဲလို့မရအောင် ပြည့်နှက်နေတယ်
Computer Screen ကိုကြည့်
ညတိုင်းအိပ်မရလို့ မိုးလင်းခဲ့တာလည်းမနည်းတော့ဘူး
မျက်ရည်တွေနဲ့မျက်နှာသစ်ရတဲ့မနက်တွေမနည်းတော့ဘူး..
ည..အဲဒါ ငါရှင်သန်နေတဲ့ညတွေ..

အိမ်မက်လားအိမ်မက်တခုမက်ခဲ့တာလား

 
posted by Anonymous at 11:05 AM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????