05 May 2007
FOR SOMEONE SPECIAL

ရန်ကုန်မှာမိုးတွေအရမ်းရွာနေပြီ..မနှစ်ကဒီလိုအချိန်မှာသူနဲ့အဝေးကြီးဖြစ်နေပေမဲ့
စိတ်ချင်းကနီးနီးလေးပဲအခုရွာနေတဲ့မိုးတွေအောက်မှာ၂ယောက်တူတူ
ရှိနေရင်တောင်တယောက်နဲ့တယောက်အဝေးကြီးဖြစ်နေကြလိမ့်မယ်
ဘာတွေဖြစ်ခဲ့ကြတာလဲ…ငါဘာမှားခဲ့တာလဲ…သူရောဘာတွေစိတ်ညစ်သွားတာလဲ..
ဘာတွေစိတ်ကုန်ခဲ့တာလ..ဲအဲဒီမေးခွန်းကိုဖြေဖို့နင်လည်းရှောင်နေတာ ၁ နှစ်ရှိရော့မယ် ငါလည်းမေ့ပစ်ဖို့ကြိုးစားရင်းနီးစပ်ဖို့တွေးကြည့်ရင်းပေါ့....၀န်ခံပါတယ် တရက်မှမေ့မနေခဲ့ပါဘူး..ပြုသူအသစ်ဖြစ်သူအဟောင်းဆိုတဲ့စိတ်နဲ့ငါဝဌ်ကြွေးရှိသမျှ
ဒီမျှနဲ့ကျေပါစေ...ဒီ့အတွက်နင်ခုလိုပြန်ဝဌ်မလည်ဖို့လည်းငါဆုတောင်းတယ်
တကယ်ပါ နင့်ကိုဘာအတွက်နဲ့မှမခံစားစေချင်ဘူး..
နင်လည်းငါ့လိုထိခိုက်လွယ်တဲ့စိတ်ရှိတဲ့သူပဲ..ငါသိတာပေါ့
ငါ့နေရာမှာနင်သာဆိုလည်း ငါထက်ပိုမခံစားရပေမဲ့ငါ့လောက်နီးနီးနင်ခံရလိမ့်မယ်။
မဖြစ်ပါစေနဲ့ **ရယ် ငါတကယ်ဆုတောင်းပါတယ်
ငါကျတဲ့မျက်ရည်မျိုးနင့်ဆီမှာမြင်ရရင် ငါရင်နာလိမ့်မယ်..ငါ့ညတွေမျိုးနင်ကြုံရတဲ့အခါ
ငါ့တောင်းပန်သံမျိုးနင်ကိုယ်တိုင်ပြောရတဲ့အခါ…ဟာ- နင်ဒါမျိုးဘယ်တော့မှမဖြစ်ရဘူးနော်
ငါလည်းနင်ဝဌ်လိုက်အောင်မနေဘူး..နင့်ရှေ့မှာဘယ်တော့မှမငိုတော့ဘူး _ _.
အားနာပါးနာ မငိုပါနဲ့လို့ပြောတဲ့နင့်အသံမျိုးကိုနင်ကိုယ်တိုင်ပြန်ကြားရမှာငါစိုးတယ်…
နင့်ဆ်ီလည်းဘယ်တော့မှဖုန်းမဆက်ဘူး**ဖုန်းမပြောချင်တဲ့နင့်ပုံစံကြောင့်
အောင့်သက်သက်ခံစားရတာမျိုးနင့်ကိုဝဌ်မလည်စေချင်ဘူး..တကယ်ပြောတာ**.
ငါလေ နင့်မွေးနေ့တိုင်းမှာလည်းဘုရားမှာမေတာပို့တုန်းပဲ နင်စိတ်ချမ်းသာဖို့
ဆုတောင်းပေးတုန်းပဲ..နင်ပြန်ချစ်လာဖို့ဆုတောင်းကိုတော့ငါကိုနင်နောက်ဆုံး
ပြောကတည်းက အပြီးပြတ်စွန်လွှတ်လိုက်တာခုချိန်ထိပဲ…
နင်ကတော့ဘယ်သိမှာလဲ နင့်အတွက်ဆို ဘာကိုမှသိပ်ကြည့်တတ်ခဲ့တာမဟုတ်ဘူး..
နင့်အတွက်ဆို ဘယ်သူ့ မှဂရုစိုက်ခဲ့တာမဟုတ်ဘူးနင်နဲ့ပတ်သက်ရင်ဘာကိုမှလည်း
လစ်လျူရှုမထားခဲ့ဘူး..နင်ပြောသမျှလည်းနားမထောင်ခဲ့တာမရှိဘူး…
နင့်စိတ်ချမ်းသာဖို့ဆိုဘာဖြစ်ဖြစ်လုပ်ပေးဖို့ဝန်မလေးခဲ့ဘူး….
ဒီထက်ပိုပြီးဘာကိုထပ်နားလည်ရဦးမှာလဲ**အပြစ်မရှိဘူးလို့တော့ငါမပြောလိုဘူး…
နင့်ဘက်ကမြင်တော့အပြစ် ..ငါ့ဘက်ကကြည့်တော့ချစ်တာတခုတည်းပါ…
သေချာတာ နင်ပြောတဲ့အပြစ်တွေက ထားသွားဖို့မလုံလောက်ဘူးနော်..
တကယ်ဆိုအပြစ်တွေထောက်ပြပြီးထားခဲ့ဖို့တောင်မလိုပါဘူး**ရယ်..
ငါနင့်ကိုအမြဲစိတ်ချမ်းသာစေချင်ပါတယ် ခုချိန်ထိပါပဲ နင်စိတ်ချမ်းသာအောင်နေခဲ့တာ..
ဘာမှလည်းငါမမေးတော့ဘူး..ဘာကိုမှလည်းမသိချင်တော့ဘူး..
ဘယ်လိုမှလည်းမတောင်းပန်တော့ဘူး..ငါမပတ်သက်ရင်နင်စိတ်ချမ်းသာမယ်ဆိုတာ
ငါသိနေလို့ပါ…အားမနာပါနဲ့…ငါနေတတ်အောင်နေနေပါတယ်..
အရမ်းသတိရလွန်းလို့ဖုန်းဆက်မိရုံသက်သက်ပါ…ဘာကိုမှမမျှော်လင့်ပါဘူး..
ဘာမှမပေးနိုင်တော့တဲ့သူဆီကလျော့ရဲရဲအပြုံးတွေနဲ့အသက်မပါတဲ့စကားလုံးတွေကလွဲလို့
ငါဘာများရနိုင်မှာလဲ..နေပါ..စိတ်ချမ်းသာအောင်နေပါ..
အနည်းဆုံးနင်ပျော်နေတာမြင်ချင်တယ်..
အများဆုံးတော့ငါ့အတွက်နင်အရင်
လိုလှိုက်လှိုက်လဲလဲပြုံးပြတာမျိုးကိုလိုချင်တယ်….
အရင်လိုရီစရာတွေပြောပြတာမျိုး
လိုချင်တယ်..အရင်လိုသီချင်းဆိုပြတာမျိုးလိုချင်တယ်….
အရင်လို..အရင်လို..
ငါအရင်လိုနေချင်တယ်**ရယ်
..လူတွေကမဖြစ်နိုင်ပါဘူးဆိုမှလိုချင်ကြတယ်နော်..
တကယ်ဆိုနင်ရောငါရော ဒီလိုဖြစ်လာမယ်လို့တွေးခဲ့ကြလို့လား..

ငါကတော့တွေးထားခဲ့ဖူးတယ်…နင်ကလည်း ဘယ်တော့မှဖြစ်မလာနိုင်ဘူးလို့
တုန့်ပြန်ခဲ့ဘူးတယ်. ဟား ဟား ပြန်တွေးကြည့်တော့ ငါကိုယ်တိုင်တောင်မယုံချင်ဘူး..
အခြေအနေတွေကပြောင်းသွားလိုက်တာ..အမြဲရီနေတဲ့နင့်ပုံစံက ငါ့ရှေ့မှာအလိုမကျတဲ့ပုံနဲ့
စိတ်မရှည်စွာနဲ့စကားတွေကို အင်း အဲနဲ့၁၀ခွန်းပြည့်အောင်တောင်မပြောနိုင်တော့ပါလား
တွေးကြည့်ရင်တော့ ရင်နာတယ်ဟာ..မတွေးမိအောင်တော့နေတယ်..
ငါနင့်ကိုစိတ်မနာချင်ဘူးလေ..နားလည်ဖို့ကိုကြိုးစားရင်းနဲ့ခုဆိုငါ့ကိုယ်ငါတောင်
သနားနေတတ်ပြီ…အရင်လိုငါ့အတွက်နင်မရှိလည်း နင့်အတွက်ငါအသင့်ရှိနေပေမဲ့
ငါကိုဆိုနင်ဖုန်းတချက်တောင်မဆက်နိုင်တော့ဘူး..နင်မှတ်မိလား..တချိန်ကအဝေးကြီးမှာတောင် ငါ့တို့ဖုန်းတွေခဏခဏပြောခဲ့တာလေ..ငါခရီးတခုသွားတော့နင်ပြောတယ်၂ရက်စကားမပြောရတာ ရက်၂၀လောက်ကြာသလိုပဲနော်တဲ့..နင့်ပိုတဲ့စာတွေသိမ်းထားတယ်…
ငါပို့တဲ့စာတွေရော..ဟား ဟား.မြောင်းထဲမှာပေါ့ ဒါမှမဟုတ် အမှိုက်တောထဲမှာပေါ့..
Email တွေရော chat history တွေရေိာdelete လုပ်လို့ဝပြီလား..မနှစ်ကသင်္ကြန်က
ပိတောက်ပန်းကိုခြွေပြီးစာနဲ့ရောပို့ခဲ့တာသင်္ကြန်ကိုလွမ်းတယ်ဆိုတဲ့နင့်စကားတခွန်းထဲ
ကြောင့်ပါ...နင်ကသင်္ကြန်တိုင်းအိမ်မှာဆိုအခန်းထဲမှာပိတောက်ပန်းတွေဆင်ထားတယ်တဲ့..
နင့်ကိုဘာအတွက်နဲ့မှစိတ်ထိခိုက်မခံစေချင်ဘူး..နင်ကြိုက်တဲ့မင်းသမီးပုံနဲ့နင့်ပုံတွဲပြီး
နင့်ဒက်စတော့ပေါ်တင်ဖို့လုပ်ပေးတာနင်crazyဖြစ်တဲ့အရာတိုင်းကိုငါလိုက်ခံစားပေးမယ်
ဆိုတဲ့စိတ်တခုနဲ့ပါ..နင့်သူငယ်ချင်းတွေမကောင်းဘူးတဲ့နင်ပြောတော့ငါဘာမှမလုပ်ပေးနိုင်ပေမဲ့ နင့်နဲ့အဝေးမှာနင့်အတွက်အကောင်းဆုံးငါနေပေးခဲ့တယ်..
နင်မပို့ခိုင်းပေမဲ့နင်ပြောတဲ့အဆုံးထိမကြည့်ရတဲ့ရုပ်ရှင်ကိုရှာဖွေဖြတ်တောက်ပြီး ငါပို့ပေးခဲ့တယ်…နင့်ညီမတွေအကြောင်း။နင့်သူငယ်ချင်းတွေအကြောင်းပြောပြီး
နင်စိတ်မကောင်းဖြစ်တဲ့အခါ ငါ့စိတ်ညစ်စရာတွေသိမ်းထားပြီးမပြောဖြစ်ခဲ့ဘူး..
နင်စိတ်ရှုပ်မှာစိုးလို့ နင့်ကိုလွမ်းတဲ့အကြောင်းတွေတောင်ငါမပြောဖြစ်ခဲ့ဘူး**ရယ်..
နင့်ကိုနားလည်လွန်းလို့ငါ့အတွက်အချိန်သိပ်မပေးတဲ့နင့်ကို စောဒကတက်ဖို့ငါမကြိုးစားခဲ့ဘူး…
ငါပြောခဲ့ဖူးတဲ့(နင့်ကိုစွပ်စွဲခဲ့ဖူးတဲ့)တခါ၂ခါကငါခံစားခဲ့ရတဲ့အကြိမ်တွေရဲ့၁၀ပုံ၁ပုံပါဟာ
နေမကောင်းတုန်းကြေးအိုးတောင်လိုက်မတိုက်နိုင်တော့တဲ့ထိတော့နင့်ကိုနားလည်
မပေးတတ်တော့ဘူးလေ...ဒီအတွက်နင်ငါ့ကိုနားမလည်ဘူးလို့စွပ်စွဲတယ်....
ဂရုမစိုက်တာမဟုတ်ရပါဘူးလို့ငိုပြောတယ် …ဒါပေမဲ့၁ခါ၂ခါမကတော့ငါလည်း စိတ်ညစ်လာတယ် မြိုသိပ်နေခဲ့တာခုချိန်ထိ..နင်အပြစ်တွေပြောပြီးထားသွားတော့ငါငိုရုံကလွဲပြီး
ဘာမှမပြောဖြစ်ခဲ့ဘူး..
ငါကနားမလည်ဘူးတဲ့လား… ငါကနင့်ကိုအအိပ်ပျက်စေခဲ့တယ်လား..
ငါ့ကြောင့်နင်စာတွေမလိုက်နိုင်ခဲ့ဘူးတဲ့လား..နင်ဒီလောက်ငါ့ကိုနားလည်တာတောင်
ငါကနင့်ကိုစိတ်ကုန်စေတယ်တဲ့လား…ဒါဆိုငါကရောငါအိပ်ချိန်ကတစ်ညမှာ၃နာရီလောက်ပဲ
ရှိတယ်ဆိုတာနင်တကယ်မသိတာလား..နင့်ကြောင့်ငါ့အလုပ်တွေစာတွေမထိခိုက်ဘူးလား.. ငါ့မှာပတ်ဝန်းကျင်သူငယ်ချင်းဆိုတာမရှိတော့လောက်အောင်ကိုနင်တယောက်ထဲဆီမှာ
ငါ့စိတ်တွေပုံထားတာပါ..ဘယ်သူစကားမှနားမယောင်ပဲ နင်ပြောသမျှတွေပဲမွှန်ခဲ့တာပါ..
မိဘတွေစကားထက်နင့်စကားကိုပဲနားထောင်ခဲ့တာပါ..ငါ့ရဲ့အဆင်မပြေလှတဲ့ပြသာနာ
တွေကိုနင့်စကားတွေနဲ့မေ့ဖျောက်ထားခဲ့တာပါ..နင့်အတွက်ပဲအရာရာစဉ်းစားခဲ့တာပါ…
နင်စိတ်ဝင်စားတယ်ဆိုတဲ့ကိစတွေပြောပြဖို့ငါစိတ်မ၀င်စားတောင်ကြိုးစားပြီး
မှတ်သားထားခဲ့တယ်..ငါဂျီတော့ကိုရောက်မလာရင်ဖုန်းဆက်ပြီးစိတ်ပူတတ်တဲ့ နင့်ကြောင့်အိမ်မှာအင်တာနက်အကောင့်ကုန်သွားရင်ငါကျူရှင်လခထဲကခိုးသုံးခဲ့တယ်
တွေးကြည့်ပါဦးငါတို့တွေအရမ်းချစ်ခဲ့တာတော့နင်မငြင်းသင့်ပါဘူး..ခုမိုးရာသီဆို
ငါအရင်နေ့တွေကိုတအားလွမ်းတယ်…မိုးရွာထဲထီးမပါဘဲလျှောက်မသွားဖို့
နင်အရင်လိုမှာပါဦးလား…နေကောင်းအောင်နေဖို့နင်အရင်လိုစိတ်ပူပါဦးလား..
ငါသတိရလွန်းလို့နင်ဖုန်းဆက်အောင်ရစ်မိတဲ့အခါ အရင်လိုပဲငါ့ကိုချော့ပါဦးလားဟာ
အရင်ကငါ့ကြောင့်နင်ကျဖူးတဲ့မျက်ရည်တွေကခုငါကျတဲ့မျက်ရည်လောက်မပူပြင်းခဲ့တာ
အမှန်ပဲနော်..ငါသိတာပေါ့..နင်ဘယ်လောက်ချစ်တာလည်းငါသိခဲ့တယ်
နင်ဂရုစိုက်တာတွေလည်းငါသိခဲ့တယ်..နင်အကြောင်းပြချက်မရှိထားသွားတာလည်း
ငါသိခဲ့တယ်(စိတ်ကုန်ရုံသက်သက်နဲ့အဆက်အသွယ်ဖြတ်တာကိုonlineမရတာလို့
ပြောတလည်းငါသိခဲ့ပါတယ်ဟာ)

အခု ငါတို့တမိုးထဲအောက်မှာရှိနေပေမဲ့ အရင်ကလိုတောင်မနွေးထွေးကြတော့ဘူး..
ငါစောစောကဖုန်းဆက်တယ်…နင့်အသံကတယောက်ယောက်ဖုန်းကိုစောင့်နေသလိုပဲ
ငါပြန်ချလိုက်ပါတယ်..နင်ဘယ်သူနဲ့များဇာတ်လမ်းတွေရှိနေပြီလဲ..ခုလိုမိုးရွာရင်
ငါသေတာပဲကောင်းတယ်လို့တောင်တွေးမိတယ်..စာတွေကျက်လို့မရလည်း နင်ရှိနေမှဖြစ်မယ်လို့တွေးမိတယ်….သူငယ်ချင်းတွေကိုပြောပြချင်လည်း
နင့်ကိုမုန်းကြလိမ့်မယ်.ငါတယောက်ထဲခံစားရတယ်ပင်ပန်းလွန်းတယ်**ရယ်…
နင်ပြောတဲ့စကားကိုအစောကြီးကတည်းကနားထောင်ခဲ့မိရင်လည်းကောင်းသား
ငါကအစွဲအလန်းကြီးတယ်နော်အစွဲအလန်းသိပ်မထားရဘူးတဲ့ငါနားထောင်ခဲ့သင့်တာပေါ့နော်
ခုမှတော့ငါဘာလုပ်လို့ရမှာတုန်း..ငါစာတွေကျက်ရဦးမယ်..ငါရည်မှန်းချက်ကို
ငါအကောင်အထည်ဖော်ရဦးမယ် ဒီအချိန်မှာအရင်လိုဆိုးတိုင်ပင်ကောင်းတိုင်ပင်
ရှိကြရင်သိပ်ကောင်းမှာပဲ…ဟင်း..ထားလိုက်ပါတော့ဟာအချိန်ကကုစားသွားမယ်တဲ့
ခုထိတော့ငါ့စိတ်တွေနည်းနည်းတောင်မကုန်သေးဘူး..နင်ခုယုံပြီလားဟင်..
အရင်ကနင်ငါ့ကိုစွပ်စွဲတယ်ငါကနင့်ကိုစိတ်ကုန်နေပါပြီဆိုပြီး…
နင့်ကိုငါစိတ်ကုန်သွားမှာပါဆိုပြီး လက်တွေ့ဘယ်သူကစိတ်ကုန်သွားတာလဲဘယ်သူက### နင်သိပြါ့ပီနော်..ငါလည်းသိပြါ့ပီ..ငါကအစစ်တွေကြီးပဲရခဲ့တာပါပဲဒါပေမဲ့ခဏပဲငှားခဲ့ရတာ အပိုင်မရခဲ့ဘူး…ဒီလိုသာကြိုသိရင်ငါအတုတွေပဲလိုချင်ခဲ့ပါတယ်ဟာ..
အတုတွေကိုလည်းငါမက်မောစွဲလန်းခဲ့မှာမဟုတ်ခဲ့သလို…အတုတွေပျောက်သွားလည်း
ငါဝမ်းနည်းမှာမဟုတ်ဘူးလေ..ခုတော့ ငါ့ကိုငါပဲအပြစ်တင်ပါတယ်….
ဝဌ်ရှိသမျှလည်းကျေပါစေ….
 
posted by Anonymous at 1:11 PM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????