03 May 2007
သီချင်းအသစ်တပုဒ်

မိုးစက်တွေမြေမှာ ပြန့်ကျဲ လွမ်းညနေဒီရာသီထဲမှာ အမှတ်တမဲ့နဲ့ပြန်ဆုံခဲ့ဖူးတယ် ဘယ်မေ့နိုင်မလဲအံသြခြင်းနဲ့ရုတ်တရက်ပဲ
ပန်းပွင့်သဏာန့်နဲ့ကြည်ပြာရောင်နှုတ်ခမ်း
မင်းစကားသံငါလေပြန်ကြားယောင်တဲ့ညတွေအကြိမ်ကြိမ်လည်ပတ်ခဲ့
မျှော်လင့်စွာနဲ့စောင့်စားရင်းနဲ့ရှိနေခဲ့


ရိုးရိုးလေးချစ်ခဲ့ရတာငါလေကျေနပ်တယ်
အရိုးစင်းဆုံးအိမ်မက်တခုမှာငါလေနစ်မျော

ချစ်မိတော့လည်းငါယုံမှားမိခဲ့
အလွမ်းတွေပေးနေတဲ့ရောင်စုံမှတ်တမ်းလေးတွေ
ခုတော့မိုးတွေနဲ့အတူငါနေရစ်ခဲ့လည်း
ဒီရင်ခွင်ငြီးငွေခြင်းမှာမပျော်နိုင်တဲ့အခါ
အခုတော့သူစိမ်းဆန်တဲ့ရောင်စုံမှတ်တမ်းလေးအတွက်
ငါ့စိတ်မှာအမှတ်မထင်အံသြမိတယ်
အမှတ်တရမိုးတွေနဲ့အတူတိမ်တိုက်အပြည့်နဲ့
ရွာနေပြီငါ့မျက်ဝန်းမှာမစဲနိုင်မိုးတွေ ဆင်းသက်ဆဲ

 
posted by Anonymous at 1:54 PM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????