25 April 2007
မဟေမာက tag လုပ်တာနဲ့ရေးလိုက်တာပါ.. (၁၀)မျိုးတောင်မပြည့်ပါဘူး...
ကိုယ့်ကိုကိုယ်သိသလောက်တော့ရေးလိုက်တယ်..
သူငယ်ချင်းတွေကိုထပ်မေးကြည့်ပြီးနောက်မှ(၁၀)မျိုးပြည့်အောင်ဖြည့်ရမယ်

(၁) ပထဆုံးထူးဆန်းတဲ့အကျင့်ကတော့ သရဲကားကို အသံပိတ်ပြီးကြည့်တာ
(လိုအပ်ရင် တခွေလုံးကျော်ကျော်ပြီး ကြည့်သွားတယ်)

(၂) နောက်တခုက ဖားမြင်ရင် ရင်တုန်နေတာ တော်တော်နဲ့မပြေဘူး..
ဖားကိုကြည့်ရတာ ရွံစရာလည်းကောင်းတယ် ကြောက်စရာကြီး (မြွေလည်းပါတယ်)

(၃)ပြီးတော့သူငယ်ချင်းတွေကပြောတယ်မေ့တတ်တာများအိမွန်စိုးကိုဘယ်သူမှမမီဘူးတဲ့
"အော်မေ့ဂိုဏ်းချုပ်တဲ့" အိမွန်စိုးကိုတခုခုမှာပြီးရင်တစ်ပတ်လောက်ကအနည်းဆုံးစောင့်ရမယ်
မေးရင်လည်း"အော်မေ့သွားတယ်"ဆိုတာလက်သုံးစကားလေ....:P

(၄) သူငယ်ချင်းတွေပြောတယ်အိမွန်စိုးကြိုက်လိုက်ပြီဆိုရင်
မင်းသမီးဆိုလည်း မထုံတက်တေးနဲ့မထက်မြက်တဲ့ပုံတဲ့
မင်းသားဆိုလည်း ကျားကျားလျားလျားမဟုတ်ပဲ ဖြူဖြူနွဲ့နွဲ့တွေတဲ့
(ဟုတ်တော့ဟုတ်တယ်emsကအရမ်းထက်တဲ့ပုံပေါက်နေတဲ့ မင်းသမီးတွေဆိုလုံးဝမကြိုက်ဘူး
သူတို့ကိုကြည့်ရတာပူလောင်တယ်(ဥပမာ - ယွန်မီ)
ဟယ်ယွန် (Son Ye Jin)ကိုအရမ်းကြိုက်တယ်
ems ရဲ့ blog မှာ link ရှိတယ် ကြည့်ကြည့်..မျက်နှာလေးကအေးချမ်းတယ်အရမ်းပဲ...

(၅) ပြီးတော့ ems ကတော့လေစိတ်ဆိုးတဲ့သူတွေဆိုအမြဲလိုက်ချော့ရတယ်
ems သူငယ်ချင်းတွေအားလုံးက အကောက်တွေချည်းပဲ
လူတိုင်းကိုလိုက်ချော့ရပေမဲ့ ems ကစိတ်ဆိုးလို့မရဘူး
ems စိတ်ဆိုးရင်ဘယ်သူမှမချော့ဘူး..
အဲဒါတော့ ems ရဲ့ ထူးဆန်းတဲ့အမူအကျင့်မဟုတ်ဘူး..ထူးဆန်းတဲ့ သူငယ်ချင်းကံပေါ့ :P

စဉ်းစားလို့မရတော့ဘူး...ဒါပေမဲ့ ems လည်း tag လုပ်ချင်တယ်...

(၁) လင်းလက်
(၂) မယ်လိုဒီမောင်
(၃) မသဉ္ဇာ
(၄) ကိုမျက်လုံး

သူတို့ကိုtagပြီးကြပြီလားတောင်မသိဘူး....ရေးလိုက်ကြပါနော်...
ကိုယ့်ကိုကိုယ်စဉ်းစားပြီးရေးရတာပျော်စရာကောင်းပါတယ်
 
posted by Anonymous at 11:19 PM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????