19 April 2007
ဘာမှမဖြစ်ချင်ဘူး ..ဘာမှလာမပြောကြနဲ့..စိတ်လွတ်ကိုယ်လွတ်နေချင်လို့ပါ
စာမေးပွဲလား…သိတယ်….ဖိအားသိပ်မပေးနဲ့..
အဆိုင်းမင့်လား.. due date ထက် ၂ ရက်လောက်နောက်ကျလည်းရတယ်မလား….
အဆူခံရမယ်..ခံလိုက်မယ်..
ဒီထက်ဘာပိုပြီးဘာဖြစ်နိုင်လဲ….ခဏလောက်အားလုံးကိုမေ့ထားပါရစေ..
ဖြစ်နိုင်ရင်အဝေးကြီးကိုသွားချင်တယ်..
ဘယ်လောက်ဝေးလဲဆိုတော့…လူတွေလုံးဝမရှိတဲ့နေရာ…
တယောက်ကိုတော့ရှိစေချင်တယ်…သူရှိရင်ငါဘာမှမလိုတာသေချာတယ်
အရူး..ဟုတ်မှာပေါ့….ငါသူများထက်ထူးပြီးစွဲလန်းမိတာတော့အမှန်ပဲ…
မရှိတော့ဘူး..ဟုတ်တယ်..အခုသူမရှိတော့ဘူး….ဘယ်မှာလဲ..ငါမသိဘူး..
ငါနဲ့အဝေးဆုံး ငါမမြင်နိုင်မဲ့နေရာ မှာရှောင်နေမှာပေါ့..
ဟုတ်တယ်..ငါအပြစ်တွေအရမ်းများသွားတယ်….သိခဲ့ပေမဲ့ပြန်ပြင်လို့မရတော့ဘူး
ရိုးရိုးရှင်းရှင်းနဲ့သူ့အတွက် ငါအရှုပ်ထုပ်တွေအများကြီးလုပ်မိတယ်
တောင်းပန်ပါတယ်…..ပြတ်သားဖို့တော့ရဲရင့်လိုက်တာနော်..
အရင်က ငါစိတ်ဆိုးမှာကိုတော့သေအောင်ကြောက်တယ်ဆို..
စိတ်ကုန်တယ်….အင်းပေါ့…ငါကမကောင်းဘူး..
စိတ်ကုန်တာထက်..စိတ်ပျက်ဖို့တောင်ကောင်းတယ်
ဘာပဲဖြစ်ဖြစ်မမုန်းပါနဲ့…အမှားတွေထဲမှာအရမ်းသံယောဇဉ်ဖြစ်မိတာ အပြစ်မဟုတ်ဘူး
နင်ပျော်နေမှာပါ….ငါကတော့ (သတိရတိုင်းဖုန်းခလုတ်ကိုနှိပ်..ပြီးတော့ပြန်ချ)..
ကြာခဲ့ပြီပဲ..အားလုံးကတော့ရင်ထဲမှာအရင်အတိုင်းပဲ..
နင်မရှိကတည်းက ဘယ်သူကိုမှလည်းရင်မဖွင့်တတ်ခဲ့ဘူး
နင်မရှိကတည်းက ဘယ်သူကိုမှလည်းယုံယုံကြည်ကြည်မရှိခဲ့ဘူး
နင်မရှိတော့..ဘယ်သူမှလည်းငါ့ကိုနားမလည်ဘူး..
လူတွေကိုနားလည်ဖို့လိုက်ကြိုးစားနေရင်းပဲ တနေ့ထက်တနေ့ငါနင့်ကိုပဲသတိရတယ်
အချိန်မှန်အိပ်လိုက်စားလိုက်စာလုပ်လိုက်နဲ့ ပျော်ရွှင်ဖို့အချိန်ဆိုတာရှာမတွေ့ဘူး
သူငယ်ချင်းတွေနဲ့စကားပြောရရင်တော့ပျော်ပါရဲ့..ဒါပေမဲ့
ငါ့အကျင့်အတိုင်းလေ..ငါကိုငါ့လောက်မခင်ရင်..ငါမကျေနပ်ဘူးဆိုတာ~
ဘယ်သူကိုမှ အပေါ်ယံမခင်တတ်တော့..ခုထိငါ..ဘယ်သူကိုမှမကျေနပ်ဘူး..
နင်သိလား..ဘာလို့ငါခင်တဲ့ချစ်တဲ့သူတွေက ငါ့နဲ့သီးခြားဆီဖြစ်နေတာလည်း
နားလည်မှုဆိုတာကို ရှာဖွေလေခက်ခဲလေပဲ..
ဟုတ်မှာပါ..ငါ့ကိုနားအလည်နိုင်ဆုံးနင်ကတောင် နားမလည်တော့ပဲထွက်သွားပြီပဲ..
ငါဆိုးတာလား…နင်ပြောဖူးတာတော့…အစွဲအလန်းကြီးတယ်တဲ့..
ဟုတ်မယ်..ငါစွဲလန်းတဲ့အရာတွေအားလုံးကိုမေ့လို့ရချင်တယ်..
အရင်ဆုံး..နင့်ကို…ပြီးတော့..နင်နဲ့ပတ်သက်တာတွေကို
ပြီးတော့…ငါဘယ်လိုမှဖြေရှင်းဖို့မတတ်နိုင်တဲ့ အခက်အခဲတွေ
ပြီးတော့…လူတွေကိုယုံကြည်အားကိုးချင်နေတဲ့ငါ့စိတ်တွေ…
ပြီးတော့…ငါ့ကိုအမြင်မကြည်ကြတဲ့လူတွေရဲ့မျက်နှာတွေ
ပြီးတော့…ငါကချစ်ပါတယ်ခင်ပါတယ်ဆိုမှငါ့ကိုနားမလည်တဲ့လူတွေရဲ့စိတ်တွေ
အဲဒါတွေ..အားလုံးကိုငါစွဲလန်းနေတယ်..ငါမေ့ပစ်ချင်နေတယ်..
အားလုံးကိုမေ့ဖို့တခုခုလုပ်ဆိုလုပ်လိုက်ပါမယ်..
ငါ့ကိုယ်ငါပဲထိခိုက်ပါစေ….
 
posted by Anonymous at 8:56 PM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????