26 March 2007
ကျေးဇူးပါ မလင်းလက်
မလင်းလက်ကြယ်စင် ဘလောခ်က တန်ဖိုးထားရသောစကားစုများ
ပိုစ်ကိုဖတ်ပြီးကိုယ့်ကိုကိုယ်တော်တော်သုံးသပ်မိပါတယ်..

တကယ်ဆိုခုချိန်ထိကိုယ့်စိတ်ကိုကိုယ်မနိုင်ပါဘူး.

ဖြစ်ချင်တာကိုဖြစ်အောင်မလုပ်နိုငတိုင်းလဲအမှန်ကိုလက်မခံပဲ

လူတွေကိုပဲမကောင်းမြင်ခဲ့တာ.တော်တော်ဆိုးပါတယ်...

ဒုကတွေနဲ့တွေ့တိုင်းလည်းကံကိုပဲအပြစ်ပုံချတယ်...

ကိုယ့်စိတ်ကိုတောင်ကိုယ်မပိုင်ပဲသူများအကြောင်းတွေတွေးပြီး
သူများနှာခေါင်းပေါက်နဲ့အသက်ရှုနေရသလိုပဲနေခဲ့ဖူးပါတယ်...

လောကကြီးကိုလည်းအမြဲမကောင်းမြင်နေခဲ့တာပါ

ဆုံးရှုံးသွားခဲ့တာတွေကိုလည်းလက်မခံနိုင်ပဲ မဖြစ်နိုင်တာတွေကိုကြိုးစားခဲ့တယ်...

အမှန်တွေကိုမြင်နေလည်းဇတ်မှတ်ပြီးထင်ရာတွေးခဲ့တယ်

နှစ်ခါနှစ်ခါခံရလည်းသင်ခန်းစာလို့မယူပဲကံကိုပဲအပြစ်တင်တယ်

အဆင်မပြေမှုတွေကြုံတိုင်းလည်းကိုယ့်ကိုကိုယ်နာအောင်လုပ်တယ်
အိပ်ရေးတွေပျက်ပြီးဘာမှဖြစ်မလာတော့မယ့်ဟာကိုအပိုတွေတွေးနေခဲ့တယ်

ကိုယ့်ကိုကိုယ်မှယုံကြည်မှုမရှိတာသူများတွေမလေးစားတာမဆန်းပါဘူး..

အဆီုးတွေကိုလွန်မြောက်ချင်ပါတယ်လို့အော်နေလည်း
အဲဒီအဆိုးကိုဖတ်တွယ်မှန်းမသိဖတ်တွယ်နေတယ်

တခုခုလုပ်တော့မယ်ဆိုရင်မဖြစ်နိုင်ပါဘူလို့အရင်ဆုံးတွေးမိတယ်..

အားလုံးနဲ့အဆင်ပြေအောင်လည်းမနေတတ်ဘူး

ဘယ်သူကိုမှဘာကိုမှမယုံတတ်လာတော့ကိုယ့်ကိုကိုယ်လည်းဘာလုပ်ရမှန်းမသိ
ဘာမှလည်းမပြတ်သားလာတော့ပါဘူး..

ဘယ်တော့မှမေ့ပစ်လို့ရမှာလည်းဆိုပြီးစိတ်ဆင်းရဲနေတဲ့ကိစတွေကို
မေ့မေ့ပျောက်ပျောက်ထားရင်ရပါရက်အချိန်မှန်သတိတရထားမိတယ်.

အခုအဲလိုနေခဲ့တဲ့သူအတွက်ကစိတ်ညစ်စရြာ့ကီးပဲကျန်ခဲ့တာပါ..
ဘယ်သူကိုမှလည်းလွယ်လွယ်လက်မခ့ပဲ...ကိုယ်လက်ခံစေချင်တဲ့သူတွေ
ကိုယ်ချစ်တဲ့သူတွေကတော့လည်းကိုယ့်ကိုစိတ်ပျက်သွားကြတယ်...

အမေကလည်းစိတ်ကုန်ချင်လာပြီတဲ့
အစ်မကလည်းစိတ်ကုန်ဖို့ကောင်းတယ်တဲ့
အချစ်ဆုံးသူငယ်ချင်းကတောင်စိတ်ကုန်လာပြီတဲ့
ကိုယ်အပေါ်အရမ်းကောင်းပြီးအရမ်းချစ်တဲ့သူကတောင်
စိတ်ကုန်ပြီဆိုပြီးထွက်သွားတယ်.....
(တကယ်ကိုပြန်လက်မခံတော့တာပါ)
အားလုံးဆီကနားလည်မှုကိုပြန်လိုချင်တယ်..
 
posted by Anonymous at 2:12 PM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????