28 March 2007
စိုမှာစိုးလို့ မပြိုပါနဲ့မိုးရယ်
ဆိုကာမှ...မိုးတွေသဲကြီးမဲကြီးရွာချတယ်
ကြယ်လေးရယ်..မကြွေပါနဲ့...ငါ့မျက်စိအောက်မှာရှင်သန်နေပါ
ဆိုကာမှ..ငါစိတ်မကောင်းအောင်..ကြွေကျတယ်..
မမှောင်ပါနဲ့ဦးအမှောင်ထဲမှာရှင်သန်ဖို့မလွယ်သေးလို့ပါ
ဆိုကာမှ...ပိန်းပိတ်အောင်အမှောင်ချသွားတယ်
မနွမ်းပါနဲ့ပန်းလေးရယ်..ငါကောင်းကောင်းပျိုးထောင်ပါတယ်
ဆိုကာမှ...အခြွေခံလိုက်ရတယ်..
အဲဒီလိုပဲ
အဝေးကြီးမသွားပါနဲ့....ငါမနေတတ်လို့ပါ
ဆိုကာမှ..."GOOD BYE" တဲ့
နေဆိုနေခဲ့ပါမယ်..ငါ့ကိုသတိရပါ
ဆိုကာမှ...မမျှော်လင့်ထားတဲ့အလွမ်းတွေပေးတယ်
သတိမရလည်းနေပါ....ငါ့ကိုစိတ်မကုန်ပါနဲ့
ဆိုကာမှ...."အားလုံးကိုစိတ်ကုန်ပြီ"တဲ့
ပျော်သလိုသာနေပါတော့..ငါအရင်လိုပဲချစ်နေပါရစေ
ဆိုတော့...."မနှောက်ယှက်ပါနဲ့တော့"တဲ့

နင်စိတ်ချမ်းသာမယ်ဆိုလို့မေ့ပစ်ပါ့မယ်....
အားလုံးကိုစိတ်ထဲမှာပဲသိမ်းထားပါ့မယ်..
နင်ပျော်နေပါစေ.....
 
posted by Anonymous at 1:06 PM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????