တယောက်ထဲနေခဲ့တာကြာပြီ
နားလည်မှုကို ဘယ်သူဆီကမှမမျှော်လင့်ဘူး
အားလုံးအလယ်မှာ တယောက်ထဲပဲ
နေတတ်အောင်နေနေပါတယ်….
နားလည်မဲ့ သူကမရှိတော့ဘူး
အားပေးမဲ့ သူမရှိတော့ဘူး
စိတ်ညစ်တိုင်း ပြောရမဲ့သူမရှိတော့ဘူး
ရီစရာတွေပြောရမဲ့ သူမရှိတော့ဘူး
အစားထိုးစရာလည်း မရှိဘူး
တောင်းပန်ပါတယ်…….
ဘာကိုမှစိတ်မရှိ့ပဲ အရင်လိုရီစရာတွေပြောရအောင်
ပြန်လာခဲ့ပါတော့…..
ဘာကှိုမှ တကယ်ကို စိတ်မရှိပါနဲ့
ရီစရာတွေပြောရင်း အဆင်မပြေတာတွေမေ့ပစ်ရအောင်
အတိတ်ကိုပြန်ကြည့်ရင် အထီးကျန်တယ်ဆိုတာ မရှိပါဘူး
အခက်အခဲတွေနဲ့ စိတ်ညစ်တယ်ဆိုတာလည်း မရှိပါဘူး
လူတွေကိုစိတ်ကုန်လို့လည်း ဂရုစိုက်မနေခဲ့ပါဘူး
ဘယ်သူအားပေးတာမှလည်း မျှော်မနေခဲ့ပါဘူး
အခု….
အဲဒါတွေရဲ့ဆန့်ကျင်ဘက် ဘ၀ထဲမှာ ရောက်နေတယ်
အထီးကျန်လိုက်တာ သူမရှိတော့ဘူးဆိုတာသိကတည်းကပဲ
စိတ်ညစ်တတ်လာတာလည်း…..
အခက်အခဲကြုံတိုင်း မရှိတော့ဘူးဆိုတာသိကတည်းကပဲ
အားလုံးကိုစိတ်ကုန်လို့ တယောက်ထဲကိုပဲဂရုစိုက်နေခဲ့တာ
အဲဒီတယောက်အားပေးတာထက် ဘာကိုမှမမျှော်လင့်ခဲ့ပါဘူး..
ကဗျာတပုဒ်မဟုတ်ပေမဲ့ ဒါပထမဆုံးရေးမိတာပါ
အရမ်းသတိရတယ်ဆိုတာ ပြောဖို့တောင်လိုမှာမဟုတ်ဘူး
ဘယ်ရောက်နေမှန်းမသိပေမဲ့ အရင်လိုရီစရာတွေမရှိတော့တာသေချာတယ်
အရင်လို သီချင်းတွေမရှိတော့တာလည်းသေချာတယ်
အရင်လို မေးလ် ဘောက်စ်ထဲ နေ့စဉ် မေးလ် မရောက်တော့မှာလည်း သေချာတယ်
အရင်လို ဖုန်းသံကြားရင် oversea call မဟုတ်တော့မှာလည်းသေချာတယ်
အရင်လို သီချင်းသံကြားရင် သတိရနေမှာမဟုတ်ဘူးဆိုတာလည်း သေချာတယ်
အရင်လိုနေမကောင်းရင် စိတ်ပူနေမှာမဟုတ်မှန်းလည်း သေချာသိပါတယ်
အရင်လို မိုးရွာရင် လျှောက်မသွားဖို့ မမှာတော့မှန်းလည်း သိပါတယ်
အရင်လို နေကောင်းအောင်နေဖို့မှာတာလည်း ကြားချင်ပါတယ်
အရင်လို..အရင်လို..အရင်လို..အရင်လို..
အရင်လို ကိစတွေကတော့ဖြစ်နေပေမဲ့
အရင်လိုတော့ သူမရှိတော့ဘူး
သူမရှိတော့ အရင်လိုလည်း မနေတတ်တော့ဘူး
သေချာတာတွေကြားထဲမှာ သိနေတာတွေကြားထဲမှာ
မျှော်လင့်တာတခုမှမရှိတော့ပါဘူး
အရင်လိုပြန်လာဖို့လည်း မမျှော်လင့်ပါဘူး
အရင်လိုဖုန်းဆက်ဖို့လည်းမမျှော်လင့်ပါဘူး
အရင်လို သတိရဖို့လည်းမမျှော်လင့်ပါဘူး
အရင်လိုပဲ ပျော်နေပါစေ လို့ ဆုတောင်းပါတယ်
(တခါတလေတော့ပြန်လာစေချင်တယ်)
ပျော်နေမယ့် ပုံစံကိုကြည့်ပြီး
“ငါကတော့ ဘာအတွက် ငိုကြွေးနေရမှာလဲ” လို့
ကိုယ့်ကိုကိုယ်ပြန်မေးချင်လို့ပါ