21 February 2007

မင်းနဲ့ ငါစတွေ့ခဲ ရတဲ့မေ့မရတဲ့ အချိန်တွေဟာခုကျတော့ နောက်ကျစွာ ရက်ပေါင်းများစွာကုန်လွန်ကာ မင်းနဲ့ ငါအဝေးကြီး နယ်မြေတွေခြားပြီးရင်ခုန်စရာနေ့ရက်တွေက အခုအခါမှာဆွေးပြီ မင်းပေးတဲ့ဓာတ်ပုံလေးကို အိပ်ရာဘေးမှာထားကြည့်ကာ မင်းရဲ့အပြုံးလေးကငါ့အတွက်တော့ထူးဆန်း မင်းငါ့ကိုဖြတ်သွားမှာ လို့ ဘေးလူတွေကပြောစမ်း ဘေးလူတွေဘာပဲပြောပစေယုံကြည်နေတယ်အမြဲတမ်း

မျှော်လင့်ချက်မကုန်ချင်ဘူး သူပြောခဲ့ဖူးတဲ့ပုံပြင်တွေ ဖုန်းထဲကရင်တွေခုန် တုန်ရင်နေ
မင်းလေးယုံချင်ယုံမယုံချင်နေ လမ်းဘေးကနေဖုန်းဆက်ဖို့ တရာ တန်တရွက်ကို ဆုတ်ကိုင်ငါ့လက်မှာ ထုံကျင်နေမိုးထဲမှာ အပြေးအလွှားဖုန်းဆက်ကာအမော တုန်ရီနေကာ
-မ- အသံကို ခုံမင်နေတာ ပိုက်ဆံကအချစ်အတွက်ဆိုရင်တုံကင်တွေလား အချစ်ကိုဂုဏ်တင်နေတာ မ လက်ထဲမှာအဆုံးပဲ ယုံကြည်နေတာ

(အချစ်ကိုယုံစားမိသူ ….နောက်ဆုံးမှာ ကျန်ရစ်မလား….နောက်ဆုံးမှာကျန်ရစ်မဲ့သူ….အချစ်ကိုယုံစားမလား)

အဖြစ်အပျက်တွေကမြန်ဆန်လွန်းပြီ မင်းငါ့ကို ဖြတ်သွားခဲ့တယ် မင်းင့ါကိုဖြတ်သွားခဲ့လို့ ငါဒီမှာတစ်ယောက်ထဲအထီးကျန် ပြီးခဲ့တဲ့အတိတ်တွေကို ပြန်လည်ကာတွေးတောကြည့်ရင်ထဲမှာ ငေးမောကြည့် မင်းရင်မှာဘယ်လိုရှိမလဲ ခုချိန်မှာခံစားနေရတဲ့ ငါ့ရဲ့စိတ်ရဲ့ဝေဒနာတွေ ကုစားမယ့်ဆေးမရှိ စိတ်ထဲမှာမင်းမရှိ မေ့မရတဲ့မင်းအပြုံးကိုရင်ထဲမှာ သိမ်းဆည်းထားမလို့်ချစ်ရတဲ့မင်းရဲ့အမုန်းကို ရင်ထဲမှာတားဆီးထားမလို့

ကြွေသွားတာဘယ်ဆီရောက်မှန်းမသိခဲ့ မင်းနဲ့ဆုံးဖို့လမ်းမသိခဲ့ ဘယ်ဆီ -မ- ကြိုက်တဲ့ပန်းသီးနဲ့ ဂျယ်လီ ၀ယ်ထားပေမဲ့လည်း ခုဘယ်သွားနေလဲ -မ- ရယ် အဲဒီနေ့ကအသံတွေလည်းနားတွေထဲကြား အဲဒီစကားတွေထဲမှာ ချိန်းထားတဲ့ ဧည့်ခံပွဲမှာသေချာကြီး ချိန်းထားတာတောင်လွဲပြန်ခဲ့တာ အချိန်တွေလည်းမနည်းပြန်ခဲ့ ဒါ
အမှန်တရားကိုနတ်ကမစောင့် မျှော်နေလည်းတရက်မှရောက်မလာ အဆက်အသွယ်ပြတ်ရလောက်အောင်
ဖုန်းပိတ်လိုက် ခလုတ်က-မ-ရဲ့လက်မအောက်မှာ ဆိုတော့ ရသ ကအပ­ိုပေါ့
အလွမ်းသီချင်းတွေမဆိုတော့ပါပြောခဲ့လည်း အချစ်ကိုယုံတဲ့ကောင်မဟုတ်ဘူး…

(အချစ်ကိုယုံစားမိသူ ….နောက်ဆုံးမှာ ကျန်ရစ်မလား….နောက်ဆုံးမှာကျန်ရစ်မဲ့သူ….အချစ်ကိုယုံစားမလား)



 
posted by Anonymous at 3:36 PM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????