25 January 2007
9 Nights (Yatha)

YOU MUST CLIK THE PLAY BUTTON

( ပြန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ ရန်ကုန်မြို့ ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း

လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ ခုချိန်မျိုးငိုချလိုက်တိမ်တွေလို ကြွေပြီမျက်ရည်မိုး )

ဒီလိုမျိုးမိုးအေးအေးလေးအိမ်ထဲမှာငါ နွေးနွေးထွေးထွေးနဲ့ တွေးဆွေးဆဲ အတိတ်ကအဝေးမှာ ဟေ့ငါဘေးမှာတွေ့ မင်းပတ်စ်ပို့ ပုံသေးသေးလေးဆေးတွေမှိန် ခပ်ရေးရေးဝါးအရောင်တွေတောင်ထွက်ပြေးလို့ သွားမေ့လို့မရ အဲဒီနေ့ တွင်ငါမြင် ကျုရှင်ကအဆင်းမိုးတွေရွာရင် ထီးတချောင်းအောက်တူတူလမ်းလျှောက်ခဲ့

လမ်းမှာ လေကြမ်းတွေကြောင့်ကြွေနွမ်းတဲ့ခရေပန်းတွေကောက် ဇာတ်လမ်းတွေသူ့ နှုတ်ခမ်းနဲ့ခြွေခဲ့တဲ့ အနမ်းတွေကြောင့် စခန်းတွေပျောက် တိုးဝှေ့ နေကြပါ ဒီလိုမိုးရေတွေကြားမှာ အမျိုးတွေတွေ့သွားမလား တချို့တလေအဖေကြားမလားစိုးရိမ်တတ်သူ ငါတို့ တွေေ၀၀ါးစွာမက်ခဲ့တဲ့ အိမ်မက်ကလည်း ကျိုးကြေချေမွကာပျက်ခဲ့တယ် မိုးရေတွေကြားမှာပဲ တို့တွေကမာခြားကာဝေးသွား ဟိုမှာ မင်းကျန်းမာရေးဂရုစိုက်ဖို့ မှာချင်တယ် မမေ့ပါနဲ့ ရုပ်ရှင်တွေထဲကအတိုင်းဆို တော်တော်လေးအေးမှာပဲ အဖော်အလှော်တွေ တွေ့ ကာပျော်ပျော်နေမှာဖုန်းဘယ်တော့ခေါ်မလဲလို့ မျှော်နေတာ

စာလည်းမကျက်ချင်တော့ငါ ညဘက်တို်င်းဆက်တိုက်ထပ် မပျက်မကွက်အိပ်မက်တွေမက်ရင် ငါ ချက်ချင်းအိပ်မက်ထဲပတ်ရင်းရှာ မိုး.မိုးမိုးက ရက်နှစ်လတိုးပြောင်းလဲခဲ့ နှုတ်ဆက်ရင်းငါငို တခါတုန်းကငါ့ဘ၀ မျှော်လင့်ချက်နဲ့အသက်သွင်းထား လက်ငင်းဘ၀ ပျက်ရွင်းကာပြို ငါဆိုတဲ့ ဒီသီချင်း မင်း ဟိုကနေနားထောင်နေမလားရဲမင်းသိန်းဆိုတဲ့ချာတိတ် သူရဲ့အသံကိုကြားယောင်နေမှာ ခဏလောက်ဖြေပါနီစပ်စပ်အသားအရောင်တွေကြားကိစများမြောင်နေကာ ဘာကြောင်ဟိုကအခြားကောင်တွေစကား နားယောင်နေမှာလဲ ဒါကသက်သေ ကဗျာစပ်နေဒီမှာ နောက်လှည့်ကြည့်လဲ အဲဒီကဗျာစာရွက်တွေဝါဖန့်နေပြီကွာ ဟောင်းခဲ့ပြီပဲ မကြာမကြာမင်းချက်တဲ့ချက်တွေ အင်တာနက်တွေထိငါ ငယ်တုန်းကမင်းနံမည်ကိုအခါခါ ရှာဖတ်နေမိတာ ဒါအခက်တွေရှိမှာပဲ နှုတ်ခမ်းတွေတောင်ပြာ အပြင်းအေးသည့်ညမို့ အင်းလျားလမ်းကိုလျှောက်ခါပတ် အတွေ့ အထိကချမ်းနေသလောက်ငါ အဝေးကြီးကအလွမ်းတွေကြောင့်အနာမကျက်သေးသည့်အရာ ဆေးမရှိပါ မြန်မာပြည်ကနေမှာ ဆက်ခြွေမိတာ မိုးတွေရွာဆဲ ဟေ့ ဒီမှာ------

( ပြန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ ရန်ကုန်မြို့ ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ ခုချိန်မျိုး.ငိုချလိုက်တိမ်တွေလို ကြွေပြီမျက်ရည်မိုး )

မှန်မှန်ဖြေ အရင်ကဇာတ်လမ်းလွမ်းသလားမေးချင်.ကမာတစ်ခြမ်းကွာဝေးဆဲ မင်းအလှမှန်းကာတွေးမြင် တမ်းတ အဆွေးသီချင်းတွေမဆိုချင်ပဲနဲ့ ဆိုနေရပြီ ကဲ ဟေ့လမ်းမှာတွေ့ ရင် မင်းမှတ်မိဦးမလား ငါ့အခန်းတံခါးစေ့ရင်း ရှိခဲ့တဲ့အတိတ်က ပြီးခဲ့တဲ့ကိစတွေမသိခဲ့သလိုမျိုးပဲအချိုးနဲ့နေဖို့လည်း မလွယ်လို့ ပဲ တကယ်ကိုပဲ မစဲတဲ့မိုးထဲမှာ ဘယ်လိုလဲ မိုးရယ် အငြိုးနဲ့ ရွာခဲ့ သလိုပဲ တခါတည်းကို ငါအသည်းကိုခွဲ

သသွားပြီ ဘာနဲ့သဂြိုလ်မလဲ……

( ပြန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ ရန်ကုန်မြို့ ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ ခုချိန်မျိုး ငိုချလိုက်တိမ်တွေလို ကြွေပြီမျက်ရည်မိုး )

 
posted by Anonymous at 5:03 PM |

I'LL BE WAITING THE MESSAGE FROM SOMEONE

PLS, CAN YOU EMAIL ME? CAN'T U?????